စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်နှင့်ရဲများက ဆန္ဒပြပြည်သူလူထုများကို လိုက်လံဖမ်းဆီးခြင်းနှင့် သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ခြင်း

မတ်လ (၂၇)ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်။
ယနေ့ကျရောက်သည့် တပ်မတော်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ရှိ ပြည်သူလူထုများမှ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြရန် ရဲနှင့်စစ်တပ်များမှ သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းဖြင့် ဖြိုခွင်းခံခဲ့ရသည်။ ဆန္ဒပြပြည်သူများမှ ယခုလို ဖြိုခွင်းမှုကြောင့် အုပ်စုကွဲကာ ထွက်ပြေးတိမ်းရှောင်ရပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသည့် အစီအစဉ် မအောင်မြင်ခဲ့ပေ။

ယခုလို လိုက်လံဖမ်းဆီးခြင်းကြောင့် ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်တွင် နေထိုင်သည့် ဆန္ဒပြလူငယ်(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရှိရသည်။

ယခုလို သေနတ်များပစ်ခတ် ခြိမ်းခြောက်ခြင်းကြောင့် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာမှ ကျေးရွာသူရွာသားများမှ နေရပ်ကို စွန့်ခွာပြီး တောထဲတွင် ထွက်ပြေးတိမ်းရှောင်ရသည်။

ဖမ်းဆီးခံရသည့် လူငယ်(၃)ဦးအမည်နှင့် ထွက်ပြေးတိမ်းရှောင်ရသည့် နေအိမ်များနှင့် လူဦးရေ စာရင်းကို အတိအကျ မရရှိသေးပါ။