စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မတ်လ ၂၇ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စု နှင့် KNU/KNLA အကြား တိုက်ခိုက်ဖြစ်ပွားမှုများ

၅ မေလ ၂၀၂၁ ခုနှစ် သူးလေသတင်းစဥ်

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား စခန်းသိမ်းတိုက်ပွဲမှအပ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုပေါင်း (၄၀၇ )ကြိမ် ဖြစ်ပွားကာ အကြမ်းဖက်စစ်အုပ်စုဖက်မှ ဗိုလ်မှူးကြီး ၁ ဦး ၊ ဒုဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်ကြီး ၁ ဦး ၊ ဒုဗိုလ်ကြီး ၁ ဦး ၊ ဗိုလ် ၁ ဦး နှင့် အရာခံဗိုလ် ၁ ဦး အပါအဝင် (၁၉၄) ဦးကျဆုံးပြီး ( ၂၂၀ ) ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါသည်။

အကြမ်းဖက်စစ်အုပ်စုတို့သည် ပြည်သူလူထုများနေထိုင်ရာ ရွာအတွင်းသို့သော်လည်းကောင်း ၊ အသက်မွေးဝမ်းကြောင်းပြုလုပ်ရာ လယ်ယာမြေ ၊ ဥယျာဥ်ခြံမြေနှင့် တောင်ယာစိုက်ခင်းများအတွင်းသို့ သော်လည်းကောင်း လက်နက်ကြီးများ ( ၅၇၅ ) လုံး ပစ်ချမှုရှိခဲ့ပါသည်။


တဖန် အကြမ်းဖက်စစ်အုပ်စုတို့သည် ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းသို့ တိုက်လေယာဥ်ဖြင့် ( ၂၇) ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး( ၄၇) လုံးကြဲခဲ့ပါသည်။ ထိုသို့ အကြမ်းဖက်စစ်အုပ်စုမှ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု နှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ချမှုကြောင့် အပြစ်မဲ့ ပြည်သူလူထု (၁၄) ဦး ထိမှန်သေဆုံးခဲ့ရပြီး ( ၂၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါသည်။


ထို့အပြင် အကြမ်းဖက်စစ်အုပ်စုတို့သည် ပြည်သူလူထု၏ လယ်ထွန်စက် (၁) စီး၊ ဆိုင်ကယ် ( ၂) စီး နှင့် ကား ၁ စီး ကို သိမ်းယူခဲ့သည့်အပြင် ဆန်စက် ( ၂ ) လုံးကို ပစ်ခတ်ဖျက်ဆီးခဲ့ကာ လူနေအိမ် ( ၂၀) လုံး ၊ စပါးကျီ (၅) လုံး နှင့် စာသင်ကျောင်း ( ၂ )လုံးကို ပစ်ခတ်ဖျက်ဆီးခဲ့ပါသည်။

ထိုထက်မက ပြည်သူလူထု၏ ဆန် ၊ ဆီ စသည့် အစားအစာများ နှင့် ငွေကြေးများကိုလည်း အတင်းအဓမ္မ သိမ်းယူမှုများလည်းပြုခဲ့ကြပါသည်။

အကြမ်းဖက်စစ်အုပ်စုမှ အတင်းအဓမ္မသိမ်းယူသွားသောပြည်သူလူထု၏ငွေကြေးပမာဏမှာ ( ၅၀၀၀၀၀၀ ) ငါး သန်း ကျော်ရှိခဲ့ပါသည်။