စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု ခမရ (၄၅၉) မှ ဒုဗိုလ်ကြီး ခင်လင်းဇော်ဦးဆောင်၍ ရွှေကြည်ကျေးရွာအတွင်း လူနေအိမ်များမှ နားကပ် (၁) ရံ အပါအဝင် အဝတ်အစားများ စားသောက်ကုန်များကို အတင်းအဓမ္မ ယူဆောင်မှုများပြုလုပ်နေ

ကေအဲန်ယူ-သထုံးမြို့နယ်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အမှတ် (၁၂) စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခမရ (၄၅၉) မှ ဒုဗိုလ်ကြီး ခင်လင်းဇော်ဦးဆောင်၍ ရွှေကြည်ကျေးရွာအတွင်း လူနေအိမ်များမှ နားကပ် (၁) ရံ အပါအဝင် အဝတ်အစားများ စားသောက်ကုန်များကို အတင်းအဓမ္မ ယူဆောင်မှုများပြုလုပ်နေ
၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်၊ သထုံခရိုင်၊ သူးလေသတင်းစဉ်
ကေအဲန်ယူ-သထုံမြို့နယ်၊ ကြခတ်ချောင်းကျေးနယ်အုပ်စုအတွင်း အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ခမရ (၄၅၉) ဒုဗိုလ်ကြီး ခင်လင်းဇော် ဦးဆောင်သော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်မှ ရွှေကြည်ကျေးရွာ လူနေအိမ်များသို့ တက်ရောက်ရှာဖွေပြီး ရွှေနားကပ် (၁) ရံ အပါအဝင် စားသောက်ကုန်များနှင့် အဝတ်အထည်များကို ဧပြီလ (၃၀) ရက်နေ့က အတင်းအဓမ္မ ယူဆောင်သွားကြောင်း သိရသည်။
ယူဆောင်သွားသော ပစ္စည်းများမှာ စောဝါသူအိမ်မှ ဆန် ၂ ဘူး၊ အချိုမှုန့် ၁ ထုပ် နှင့် ရွှေနားကပ် ၁ ရံ၊ စောဖလဲ့ထူးအိမ်မှ ဆီ ၁ ပုံး၊ အချိုမှုန့်ကြီး ၁ ထုပ် နှင့် အဝတ်အထည်များကိုလည်း ယူဆောင်သွားသည်။
ထို့အပြင် စောဖိုးဝါးအိမ်မှ ဆန့် ၃ ဘူး၊ နော်ဒီအယ်မိုးအိမ်မှ ဘဲ ၄ ကောင် နှင့် ဆီပုံးကြီး ၁ ပုံး၊ နောင်အေးနွယ် အိမ်မှ စတီးဇွန်း ၂ ဖန် နှင့် အချိုမှုန့် ၂ ထုပ်၊ နော်ကြူးမိုးအိမ်မှ ကြက် ၃ ကောင်နှင့် အိမ်ကြက်ဥ ၃ ခြင်းတို့အား ဧပြီလ ၃၀ ရက်နေ့က အတင်းအဓမ္မ ယူဆောင်သွားကြောင်းသိရသည်။