စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အကြမ်းဖက်စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား ပစ်ခတ်မှုဖြစ်ပွား

၂၅ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်
၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့ နံနက် ၁၁း၄၅ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၃ တပ်ဖွဲ့တို့ ပူးပေါင်း၍ အကြမ်းဖက်စစ်အုပ်စုနှင့် ခဲဒိုးအုပ်စု လယ်ပူထာ၊ ဝါမီလူ နယ်မြေများအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စုဘက်မှ ၃ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် MA - 1 တစ်လက်နှင့် MA - 2 တစ်လက်ကို KNLA မှ သိမ်းဆည်းရရှိခဲ့ပါသည်။
KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပေ။
တဖန်
၂၀၂၁ခုနှစ် မေလ ၂၄ ရက်နေ့ နံနက် ၁၁း၃၆ မိနစ်ခန့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အကြမ်းဖက်စစ်အုပ်စုတို့ မူတြော်ခရိုင် ဘူးသိုမြို့နယ် ပါဟက်အုပ်စု ကော်ဘောဒဲ နယ်မြေအတွင်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းလဲ သိရှိရပါသည်။
ထိုပစ်ခတ်ဖြစ်ပွားသည့်နေ့၏ ညနေ ၆း၃၀ မိနစ်ခန့်အချိန်မှာပင် ဖာပွန်အခြေစိုက် ခမရ ၁၉ နှင့် ခမရ ၃၄၀ မှ အကြမ်းစစ်အုပ်စု၏ တပ်ဖွဲ့များသည် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ပြည်သူလူထုများ၏ ဥယျာဥ်ခြံအတွင်းသို့ လက်နက်ကြီး ၇ လုံး ပစ်ချခဲ့ကာ ၆ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးမှာမူ မပေါက်ကွဲခဲ့ပေ။
ထိုနေ့ တစ်နေ့ထဲအတွင်းမှာပင် အကြမ်းဖက်စစ်အုပ်စုတို့သည် KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းရှိ ဃူဘီးထွီ မှ ကမမောင်းသို့ ၆ဘီးကား နှင့် ၁၀ ဘီးကား စုစုပေါင်း ကား ၁၃ စီးဖြင့် စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ခဲ့ကြောင်းလဲ သိရှိခဲ့ရပါသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အကြမ်းဖက်စစ်အုပ်စုတို့သည် နေ့တိုင်းလိုလိုပင် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပါသည်။
ထို့ပြင်
အကြမ်းဖက်စစ်အုပ်စုတို့သည် ပြည်သူလူထုများ၏ လုပ်ငန်းခွင်များအတွင်း နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ နှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကို နေ့တိုင်းပြုလုပ်ခဲ့ပါသည်။