စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ - ၂၀၁၉

(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ကို KWO (Karen Women Organization) မှ ဦးဆောင်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ TPC (Teacher Preparation Course) ခန်းမတွင် မတ်လ (၈) ရက်နေ့က ကျင်းပခဲ့သည်။ International Women's Day ဖြစ်ပေါ်လာရခြင်း အကြာင်းကို KWO တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နော်အယ်တမွီဖော ကရှင်းလင်းပြော ကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများလှုပ်ရှားမှု အဆင့်ဆင့်ကို KHRG မှဆရာမနော်ထူးထူးမှ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်အခန်း ကဏ္ဍာနှင့် ပတ်သက်ပြီး KSNG ဥက္ကဌ စောစေးမူး မှ တိုက်တွန်း အားပေးစကားပြောကြားသည်။ အခမ်းအနား ကို KWO, KSNG, KHRG, KED, DOI နှင့် အခြားသောကရင်လူမှုအဖွဲ့အစည်းများ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့သည်။ အစီအစဉ်မရုပ်သိမ်းမှီ မေးမြန်းခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့သည်။ ပြီးနောက် ကျေးဇူးတင် စကားကို KWO ကိုယ်စားလှယ်မှ ပြောကြားပြီး အခမ်းအနားရုပ်သိမ်းခြင်းအစီအစဉ်ကို သဘာပတိ မှ နိဂုံးချုပ် ပြောကြားခဲ့သည်။ မတ်လ ၈ ရက်၊ ၂၀၁၉ခုနှစ်တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို လည်းကမ္ဘာတစ်လုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။