စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရ

သူးလေသတင်းစဥ်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း လက်ရှိအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု တပ်များ နှင့် နယ်ခြားစောင့်တပ်များ ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်နေပါသည်။
ထို့အပြင် စစ်အုပ်စုမှ ကျေးရွာများ၊ လုပ်ငန်းခွင်များ သို့ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရခြင်း များ နှင့် လုပ်ငန်းနေရာများ၊ အိမ်ယာအဆောက်အဦးများ ပျက်စီးဆုံရှူံးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ကြရကာ ဆင်းရဲဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရပါသည်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြရသော ရွာသူရွာသားများ စုစုပေါင်း ၇၀၀၀ ဦးခန့်ရှိပြီဖြစ်ပါသည်။ အဆိုပါ စစ်ဘေးရှောင်များအနေဖြင့် နေထိုင်ရေး၊ အစားအသောက် နှင့် ကျန်းမာရေး ပြဿနာများ ကို ကြုံတွေ့နေရပါသည်။
ကော်သူးလေ ဒေသအတွင်း ထိုသို့သော စစ်အင်အား တိုးချဲ့ခြင်း၊ စစ်ရေးလှုပ်ရှားမှုများ နှင့် နယ်မြေစိုးမိုးမှုများကြောင့် ကော်သူးလေစာသင်ကျောင်းအချို့ ပိတ်ပစ်ခဲ့ရပြီး ကလေးသူငယ်များ၊ လူငယ်လူရွယ်များ ပညာသင်ကြားခွင့်မရှိတော့ပါ။
စစ်ဘေးရှောင်ကြရသည့် ရွာသူရွာသားများ မှာ အများအားဖြင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်သောကြောင့် ယခု နှစ်အတွက် စိုက်ပျိုးနိုင်ခြင်းမရှိတော့သည့်အပြင် လာမည့်နှစ်အတွက် စားနပ်ရိက္ခာ အခက်အခဲ ကို ထပ်မံရင်ဆိုင် ရဦးမည် ဖြစ်ပါသည်။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု ၏ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ရှိနေဦးမည်ဆိုပါက ဒေသခံများအနေဖြင့် သေဆုံးခြင်း၊ ထိခိုက်နစ်နာခြင်း နှင့် ဆင်းရဲငတ်မွတ်ခြင်းများ ကြုံနေရမည်ဖြစ်ပါသည်။
အဆိုပါစစ်ဘေးရှောင် ဒုက္ခသည်များ ၏ အချက်အလက်များကို ပိုမို သိရှိလိုပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာ (Facebook page) နှင့် ဖုန်းနံပါတ် (+66926184061) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တထောင့်တနေရာ မှ နေ၍ စစ်ဘေးရှောင်မိဘပြည်သူများ ၏ အခက်အခဲ ကို အတူတကွဖြေရှင်း ရင်း အာဏာရှင်စနစ်ကို တိုက်ဖျက်ကြပါစို့။