စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတပ်ဖွဲ့မှ ပြည်သူလူထုကို ထိခိုက်နာကျင်အောင်ပြုလုပ်

၁၇ ရက် သြဂုတ်လ ၂၀၂၁ ခုနှစ် သူးလေသတင်းစဥ်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၈း၃၀ မိနစ်အချိန်တွင် ကေအဲန်ယူ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မထောအုပ်စု မထောကျေးရွာအတွင်းမှ တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ( စကခ - ၈ ခမရ ၄၀၇ မှ တပ်ရင်းမှူး ကျော်မင်းထက် ဦးဆောင်သောတပ်ဖွဲ့ ) သည် လက်နက်ကြီးမြောက်များစွာကို ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ ၈ လုံးကျသည့်အပြင် ဘုန်းကြီးကျောင်းဝန်းထဲသို့လည်း ၃ လုံး ကျခဲ့သဖြင့် ရဟန်းတစ်ပါး၏ လက်ယာဘက်ကို ထိမှန်ခဲ့ပါသည်။
ထို့အပြင် မထောကျေးရွာသားများ ဖြစ်ကြသော စောသားငြိမ်း ၊ စောဝေလင်းဦး နှင့် စောထူးလှ တို့ကို အကြမ်းဖက်စစ်အုပ်စုအဖွဲ့မှ ခြေထောက်ဖြင့် နင်းချေကန်ကြောက်သည်သာမက ဦးခေါင်းကို သေနတ်ဒင်ဖြင့် ဆောင့်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပါသည်။ စောထူးလှ၏ နွားတစ်ကောင်နှင့် ဆိတ်တစ်ကောင်ကိုလဲ ပစ်သတ်စားသောက်ခဲ့ကြပါသည်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့တို့သည် ပြည်သူလူထုများကို ဤသို့ ကြောက်ရွံ့ထိန့်လန့်အောင် ခြောက်လန့်ရခြင်းနှင့် ထိခိုက်နာကျင်အောင်လုပ်ရခြင်းမှာ ၎င်းတို့ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့များသည် ကေအဲန်ယူ မူတြော်ခရိုင် ထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်၍ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ထိတွေ့ပြီးမကြာခဏ ပစ်ခတ်မှုဖြစ်ပွားကာ ၎င်းတို့ အကြမ်းဖက်တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများသောကြောင့် မကျေနပ်ဖြစ်ခဲ့သဖြင့် ပြည်သူလူထုများကို လုပ်ရခြင်းဖြစ်သည်ဟုလည်းသိရပါသည်။