စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
PLRI မှစီစဉ်သော Myanmar Peace Process: Its Challenges and Possible Way Forward ဆွေးနွေးပွဲကို KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ တက်ရောက်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သပြေပညာရေးဖောင်ဒေးရှင်း၏ အစီစဉ်တစ်ခုဖြစ်သည့် Peace Leadership & Research Institute – PLRI မှစီစဉ်သော Myanmar Peace Process: Its Challenges and Possible Way Forward ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြလုပ်ခဲ့ရာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ တက်ရောက်ခဲ့ပြီး ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

ပဒိုကွယ်ထူးဝင်းမှ KNU-ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တက်တက် ကြွကြွ ပါဝင်လျက်ရှိပြီး NCA ရရှိရေးအတွက် အဆင့်ဆင့်ကြိုးပမ်းလာခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး အခက်အခဲများစွာ ရှိကြောင်းနှင့် လျှောက်လှမ်းနေသော NCA လမ်းကြောင်းမှာ ကျနော်တို့ အားလုံးလိုချင်သော တည်ဆောက်ချင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ရှုထားသော်လည်း လက်တွေ့ အကောင်အထည် ဖော်လုပ်ဆောင်မှုများတို့သည် သက်ဆိုင်ရာ ပါဝင်နေကြသည့် Stake Holder များတို့က မိမိတို့၏ နားလည်မှုများတို့ဖြင့် အဓိပ္ပါယ်ဖော် လုပ်ဆောင်နေကြသည့် အတွက် မိမိတို့တည်ဆောက်ချင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရရှိရေး ဆိုသည်လမ်းကြောင်းမှ တစ်ဆို့မှုများဖြစ်ပေါ်စေပြီး သွေဖယ်သွားစေ နိုင်သည့် ပုံစံမျိုး ဖြစ်ပေါ်နေရာ ပို၍ခက်ခဲနေသည့် အနေအထားတွင် ဖြစ်နေသည်ဟု ပဒိုကွယ်ထူးဝင်း မှ ပြောပြ ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လက်ရှိတွင် NCA ဆိုင်ရာ အကောင်အထည် ဖော်မှုများတို့ကို လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရန် တည့်မတ်နိုင်ရေး ကြိုးပမ်း နေဆဲဖြစ်ပြီး လောလောဆယ်တွင် ငြိမ်းချမ်းရေး စာပွဲဝိုင်းပေါ်တွင် ဆက်လက်ပါဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးသည်မှာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လုံးဝလျစ်လျူရှုသည့် သဘောမျိုးမဟုတ်ပဲ မျှော်မှန်းထားသည့် NCA ပန်းတိုင်သို့ မည်သို့မည်ပုံဆက်လက် အကောင်အထည်ဖော်မည်ကို informal way ဖြင့် ဆက်လက် ဆွေးနွေး နေသည်ဟုလည်း ပြောကြားခဲ့သည်။

တက်ရောက်လာသူများမှ မြန်မာ့ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ ပဒိုကွယ်ထူးဝင်း မှလည်း - လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု စသော လောကပါလ တရား (၃) ပါးကို အခြေခံပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ နားလည်မှုတွေ အများကြီး လိုအပ်နေသေးတယ်။ အများကြီးကြိုးစားဖို့လည်းလိုသေးတယ် ဟုလည်း မှတ်ချက်ပေးခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် မျက်မှောက်မြန်မာ့နိုင်ငံရေးသည် ပြုပြင်ပြောင်းလဲမှုများ စွာလုပ်ရန် လိုအပ်နေသည့်အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း တတ်သိ နားလည်ပြီး ခေါင်းဆောင်မှုစိတ်ဓာတ်ရှိသည့် ခေတ်ပညာတတ် လူငယ်များ ပါဝင်လာရေးသည် အရေးကြီးလိုအပ်နေပြီဟုလည်းပြောခဲ့သည်။

ငြိမ်းချမ်းရေးခေါင်းဆောင်မှုနှင့် သုတေသန သင်တန်းကျောင်းမှ သင်တန်းသူ သင်တန်းသားများတို့၏ ကြိုးစားအားထုတ်မှုနှင့် သင်ယူလေ့လာမှုတို့ကို ကြိုဆိုကြောင်းနှင့် ဤသင်တန်းမှ ထွက်ရှိလာမည့် ရလာဒ် များသည့် မြန်မာနိုင်ငံ၏ လူမျိုးရေးပဋိပက္ခ၊ ပြည်တွင်းစစ်နှင့် များစွာသော အကျပ်အတည်းများကို ဖြေရှင်း နိုင်လိမ့်မည်ဟု ယုံကြည့်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုဆွေးနွေးပွဲသို့ PLRI မှ ငြိမ်းချမ်းရေးခေါင်းဆောင်မှုနှင့် သုတေသန သင်တန်းသားများအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူ တစ်ချို့ လည်း တက်ရောက်ခဲ့ပါသည်။

Thoo Lei NEWS: 31 Jan 2019