စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ညောင်လေးပင်ခရို်င၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု(စကစ)မှ အင်အားတိုးချဲ့

ဩဂုတ်လ(၂၆)ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့ ညနေ(၄)နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ စစ်ကား(၅)စီးနှင့် အရပ်သားကား(၁)စီး အပါအဝင်စုစုပေါင်း(၆)စီး အင်အားအပြည့်ဖြင့် နတ်သံကွင်းမြို့မှ ကျောက်ကြီးမြို့သို့ ဦးတည်လာသည်။

ဩဂုတ်လ(၂၄)ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ဒေါင်းမို့ကျေးရွာအုပ်စု၊ တောကြောင်ပေါက်ကျေးရွာနှင့် ဝါးပင်စုကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ခလရ(၆၀)နှင့် ခမရ(၃၄၉)တို့ ကျေးရွာထဲတွင် စခန်းချခဲ့သည်။  ယနေ့ ဩဂုတ်လ(၂၆)ရက်နေ့တွင် ထပ်မံပြီး အင်အားတိုးချဲ့လာသည်ကို တွေ့ရှိရသည်။

ယခုလို အင်အားတိုးချဲ့လာသည့်အပေါ် ဒေသခံပြည်သူများမှ စစ်ဖြစ်မည်ကို စိုးရိမ်ကြရသည်ဟု ဒေသခံပြည်သူများက ပြောသည်။ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "စစ်ကောင်စီတပ်သည် အာဏာသိမ်းကတည်းက မတရားလုပ်နေတာဖြစ်သည့်အတွက် အခုလိုအင်အားလာတိုးချဲ့တာလည်း မတရားတာတွေ လုပ်နေတာဖြစ်တယ်" လို့ပြောသည်။