စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ စစ်တပ်၊ရဲ နှင့် ဒလန် များပူးပေါင်း၍ ပြည်သူလူထုများ၏ တိရိစ္ဆာန်များကို အတင်းအဓမ္မဖမ်းဆီးသိမ်းယူ


2 Setember 2021   KNU - HQ

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ စစ်တပ် ၊ ရဲ နှင့် ဒလန်များပူးပေါင်း၍ ကေအဲန်ယူ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် ကွင်းဆိပ်ကျေးရွာမှ ပြည်သူလူထုများ၏ တိရိစ္ဆာန်များ အတင်းအဓမ္မလုယူခဲ့ကြောင်းကို ဒေသခံတစ်ဦးပြောကြားခဲ့ပါသည်။
အာဏသိမ်းအကြမ်းဖက်အဖွဲ့မှ ဝေဖြိုးအောင် ဦးဆောင်သော ခလရ ၂၆ အဖွဲ့သည် ရဲများ၊ ဒလန်များနှင့် ပူးပေါင်း၍ ကွင်းဆိပ်ကျေးရွာမှ ပြည်သူလူထု၏ ကျွဲ ၊ နွား နှင့် ဆိတ်များကို ဖမ်းဆီးကာ ၎င်းတို့၏ တပ်စခန်းအတွင်းသို့ ယူဆောင်သွားခဲ့ကြပြီး ကျွဲ နှင့် နွားများကို တစ်ကောင် ကျပ်ငွေ ၁၀၀၀၀၀ ( တစ်သိန်း ) နှင့် ဆိတ်များကို တစ်ကောင် ၅၀၀၀၀ ( ငါးသောင်း )ဖြင့် ပြန်လည် ရွေးယူရမည့်အကြောင်းကို အမည်မဖော်လိုသည့် ဒေသခံ တစ်ဦး က ပြောပြခဲ့ပါသည်။
အာဏာသိမ်းအကြမ်းဖွဲ့တို့သည်ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်အတွင်း၌ လှုပ်ရှားသွားလာကာ ဥယာဥ်ခြံပိုင်ရှင်များကို ရှာဖွေပြီး ၎င်းတို့ယူဆောင်လာသော တရားဥပဒေနှင့် မညီညွတ်သည့် ဥယာဥ်ခြံမြေလက်မှတ်ထဲသို့ အတင်းအဓမ္မ လက်မှတ် ထိုးခိုင်းကြောင်းကိုလည်း ထိုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ထပ်ပြောပြခဲ့ပါသည်။
အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ စစ်တပ် ၊ ရဲ နှင့် ဒလန် များသည် နေ့ နှင့် ည စဥ်ဆက်မပြတ် လှုပ်ရှားသွားလာကြသောကြောင့် ပြည်သူလူထုများ၏ အသက်လုံခြုံမှုကို ထိခိုက်စေပြီး ကြောက်ရွံ့ထိန့်လန့်မှုကို နေ့စဥ် ညစဥ် ဖြစ်ပေါ်စေခဲ့သည်။