စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
၂၀၂၁ ခုနှစ် သြဂုတ်လ တစ်လတာအတွင်းတိုက်ပွဲသတင်း နှင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ လှုပ်ရှားမှုများ

၂ ရက် စက်တင်ဘာလ၂၀၂၁ ခုနှစ်
ကေအဲန်ယူ - ဗဟို
၂၀၂၁ ခုနှစ် သြဂုတ်လ တစ်လတာအတွင်းတွင် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေများဖြစ်ကြသော
ဒူးသထူခရိုင် တပ်မဟာ ၁ ၊ တောင်ငူခရိုင် တပ်မဟာ ၂ ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ၊ မူတြော်ခရိုင်တပ်မဟာ ၅ ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ စသည့်နယ်မြေများအတွင်း၌ အာဏာသိမ်း
စစ်​ကောင်စီ ၏ စစ်တပ်တို့သည် စစ်ရေးလှုပ်ရှားမှုများပြုလုပ်သောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့နှင့် ထိတွေကာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါသည်။
ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေတွင် ( ၂၄ )ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွင် ( ၆ )ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွင် ( ၂ )ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ( ၁၈၁ ) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် ( ၄ )ကြိမ်
စသည့် သြဂုတ်လ တစ်လတာအတွင်း တိုက်ပွဲပေါင်း ( ၂၁၇ ) ကြိမ် ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းစစ်ကောင်စီ ဘက်မှ ( ၁၆၆ )ယောက်သေဆုံးကာ ( ၁၀၁ ) ယောက် ဒဏ်ရာရရှိခဲ့ပါသည်။
အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ပြည်သူလူထုကို သတ်ဖြတ်မှု နှင့် ကြောက်လန့်အောင်ပြုလုပ်ပြီး ပစ္စည်း အဓမ္မ လုယူမှုများလည်း ရှိခဲ့ပါသည်။
ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ အတွင်းတွင် ၁၁ / ၈ / ၂၀၂၁ ရက်နေ့၌ ဗိုလ်မှူး ကျော်ထွန်းငြိမ်း ဦးဆောင်သော စကခ - ၈ ခမရ - ၄၀၆ အကြမ်းဖက်စစ်အုပ်စုအဖွဲ့ နှင့် BGF - ၁၀၁၄ မှ တပ်ကြပ် ကြိမ်လွန်းနှင့်တပ်သားများသည် ထီးဖဒိုထာရွာအတွင်းသို့ ဝင်၍ နေအိမ်များကို ရှင်းလင်းရှာဖွေပြီး ပြည်သူလူထုများ၏ ဖုန်း၊ ဓာတ်မီး၊ ဆန် နှင့် ကွမ်း စသည့် ပြည်သူလူထု၏ ပစ္စည်းများကို အတင်းအဓမ္မယူဆောင်မှုများပြုခဲ့ကြပါသည်။ ထို့အတူ မဘဲလေး နှင့် ဖခင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါသည်။
၁၄ / ၈ / ၂၀၂၁ ရက်နေ့တွင်လည်းအာဏာသိမ်းစစ်ကောင်စီ ၏ တပ်များဖြစ်သော တပ်မ - ၄၄ လက်အောက်ခံ ခမရ - ၁၁၈ မှ တပ်ဖွဲ့များသည် မိုးကောင်းဒေသသို့ ဝင်ရောက်လာပြီး ပဒိန်ရုံးရှေ့၌ ရောက်သောအခါ စောအယ်သူး နှင့် စောအယ်ဒို စသည့် ပြည်သူလူထု ၂ ဦးကို ပစ်သတ်ခဲ့ပါသည်။ ထို့အတူ စောသိမ်းသန်း နှင့် စောချမ်းသာ တို့ ၂ ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပါသည်။
ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ အတွင်းတွင် ၇ / ၈ / ၂၀၂၁ ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့ဖြစ်သော စကခ - ၅ ခမရ - ၇၀၄ ၏ ဒုတပ်ရင်းမှူး ထွန်းလင်းအောင်သည် ကော်သေးဒဲရွာသားများ၏ ဆိုင်ကယ် ၆ စီးကို ကော်သေးဒဲ မှ ကလယ်စိုးခီးအထိ စစ်တပ်အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်ပေးရန် အတင်းအဓမ္မ ခိုင်းစေခဲ့ပါသည်။
ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့များဖြစ်သော စကခ - ၈ ခမရ - ၄၀၇ ၊ ခမရ - ၄၀၈ ၊ ခမရ - ၃၄၁ ၊ ခမရ - ၄၀၁ ၊ ခလရ - ၁၉ နှင့် နယ်ခြားစောင့်တပ် BGF - ၁၀၁၄ တပ်ဖွဲ့တို့သည် သြဂုတ်လ တစ်တာအတွင်း ပြည်သူလူထုများ လုပ်ကိုင်စားသောက်နေသော လုပ်ငန်းခွင် နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၁၂၀ လုံးပစ်ချခဲ့ပြီး လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ချမှုကြောင့် ပြည်သူလူထု ၂ ဦးကိုထိမှန်ကာ ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူလူထု ၃ ဦးကိုလည်း ထိခိုက်နာအောင် အကြမ်းဖက်စစ်တပ်အဖွဲ့မှ ရိုက်နှက်ခဲ့ပါသည်။ သြဂုတ်လအတွင်း မူတြော်ခရိုင် တပ်မဟာ ၅ ထိန်ချုပ်နယ်မြေအတွင်းသို့အာဏာသိမ်းစစ်ကောင်စီ မှ လေယာဥ် ဖြင့် ၅ ကြိမ် လာရောက်ထောက်လှမ်းမှုပြုခဲ့ပါသည်။အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့များသည် ပြည်သူလူထုများ သွားလာသောနေရာများ၊ လုပ်ကိုင်စားသောက်သောနေရာများ နှင့် လမ်းမများပေါ်တွင် မိုင်းများလိုက်ထောင်ထားသောကြောင့် လူထု ၁ ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ပြည်သူလူထုများသည် အာဏာသိမ်းစစ်ကောင်စီ ၏ ရန်ကို ကြောက်ရွံ့ထိန့်လန့်၍ စိုးရိမ်ပူပန်မှုများစွာဖြင့် အသက်ရှင်နေထိုင်ခဲ့ရပါသည်။
ကေအဲန်ယူ ဒူးပလယာခရိုင် တပ်မဟာ ၆ အတွင်းတွင် ၂၆ / ၈ / ၂၀၂၁ ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီ ၏ တပ်ဖွဲ့များဖြစ်သော ခလရ - ၃၂ ၊ ခလရ - ၂၈၃ ၊ ခမရ - ၃၅၈ နှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်း - ၁၀၂၃ ၏ တပ်ဖွဲ့များသည် တကူခီးကျေးရွာအတွင်းသို့ဝင်ရောက်ပြီး နော်လေးကေး အိမ်မှ ကြက် အကောင် ၄၀ ကျော် နှင့် ထမင်းပေါင်းအိုး၊ ဇွန်းကြီးများ၊ ရေခွက်များ စသည့် ပစ္စည်းများကို လုယူသယ်ဆောင်သွားခဲ့ပါသည်။