စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု စစ်ယာဥ်တန်းအား KNLA မှမိုင်းခွဲတိုက်ခိုက်၊ ကား၂စီး ပျက်စီး၊ တစ်ဦးပြင်းထန်စွာဒဏ်ရာရ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၄၊ သထုံခရိုင်

လေးကေကျေးရွာ ဖက်သို့ ဦးတည်မောင်းနှင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၊ စကခ(၈) ပိန္နဲတောစခန်း စစ် ကား(၄)စီးအား ကေအဲန်ယူ-ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးနယ် အုပ်စုအတွင်း၌ KNLAမှ ဆွဲမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဖက်မှ ကား၂စီးပျက်စီးခဲ့ပြီး တပ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည်။ "မနေ့က ညနေ၃နာရီ၄၀မှာ ပိန္နဲတောက အရပ်သားကား၄စီးနဲ့ လေးကေဖက်ကို မောင်းတက်လာတယ်လို့ သတင်းရတယ်၊ ကိုယ့်နယ်မြေထဲဝင်လာတော့ ပြည်သူလူထုလုံခြုံရေးအတွက် ကာကွယ်ရမှာပဲ"ဟု KNUတာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ စစ်ယာဥ်တန်း အဆင်ပြေချောမွေ့စွာ ရောက်ရှိလာနိုင်ရေးအတွက် စက်တင်ဘာ၃ရက်နေ့ နံနက်၈နာရီခွဲခန့်ကပင် ဝင်းတာပန် BGFစခန်းမှ စကခ(၈) လက်အောက်ခံတပ်ရင်း(၄၀၆) စစ်ကြောင်း-၂ မှူးကျော်ထွဋ်ငြိမ်းဦးဆောင်သည့် အင်အား၃၅ဦးပါအဖွဲ့နှင့် BGF-၁၀၁၄၊ တပ်ခွဲ(၃) တပ်ကြပ်ကြီးကြိမ်လုံး ဦးဆောင်သည့်အင်အား (၂၀)ဦးပါအဖွဲ့တို့မှ ကားလမ်းတစ်လျှောက် လုံခြုံရေး တာဝန်ယူ ပေးခဲ့ကြောင်းသိရသည်။

ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်း ၌လည်း မနေ့နံနက် ၆နာရီခန့်က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် KNLAတပ်များအကြား တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်အုပ်စုမှ (၃)ဦးသေ၊ (၅)ဦးဒဏ်ရာရခဲ့သည်။