စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်ကောင်စီ (စကစ) ၏ ရဲတပ်ဖွဲ့ အာဏာသုံးပြီးရွာသားကို အုတ်အဖြင့်စခန်းကို ကာခိုင်း

စက်တင်ဘာ (၆)ရက် ၊ ၂၀၂၁ ခုနှစ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ဘောကထာအုပ်စု ကုန်းမြင့်သာယာ ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ (စကစ) ရဲတပ်ဖွဲ့အား စက်တင်ဘာ (၄) ရက်နေ့ နှင့် (၅) ရက်နေ့ ပြည်သူ့အပေါ်အာဏာသုံးပြီး စခန်းခြံစည်းရိုး ကာခိုင်းသည်ကို ဒေသခံတစ်ဦးထံသတင်းရရှိ ပါသည်။

စက်တင်ဘာ(၄)ရက်နေ့တွင် ကုန်းမြင့်သာယာကျေးရွာအတွင်းရှိ ရဲမှူးဇင်ဟိန်းထွဋ်က ဦးဆောင်ပြီး အနီးနာရှိပြည်သူများကို အာဏာသုံးပြီးခေါ်တွေ့ကာ စခန်းကိုသံဆူးကျိုးဖြင့်ကာခိုင်းနေသည်။

ထိုသံဆူးကျိုးဖြင့်ကာထားသောစခန်းကို စက်တင်ဘာ (၅) ရက်နေ့မှာ ဖြုတ်ခိုင်းပြီး အုတ်ဖြင့် အသစ် ပြန်ကာပေးခိုင်းသည်ကို အမည်မဖေါ်လို ဒေသခံတစ်ဦးထံသတင်းရရှိခဲ့သည်။

လတ်တစ်လောအချိန်တွင် ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါကို ကူးစက်ဖြစ်ပွားမှာကို စိုးရိမ်သဖြင့် ဤပြုလုပ်ခြင်းကြောင့် ပြည်သူ့အတွက် ဘဝလှုံခြံမှုနှင့် လူအခွင့်အရေးကို အာဏာသိမ်းစစ်ကောင်စီ အုပ်စု(စကစ) ချိုးဖောက်ရာရောက်နေသည်ကို ဒေသခံတစ်ဦးကထံမံပြောကြားခဲ့သည်။