စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၁) နဲ့ အာဏာသိမ်းစစ်ကောင်စီကြား ရက် ၂၀ အတွင်း တိုက်ပွဲသတင်း


၂၀/၉/၂၀၂၁ ကေအဲန်ယူ-ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီ နှင့် KNDO တပ်ရင်း(၁)တို့အကြားတိုက်ပွဲဲပေါင်း (၄၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ (၃၅)ဦးသေဆုံးကာ (၅၁)ဦး ဒဏ်ရာရခဲ့ပါသည်။

သံလွင်မြစ်ကမ်းနား ရှိအာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီးကပြောပါသည်။

KNDO တပ်ရင်း (၁)သည် နယ်မြေအတွင်းရှိမိဘပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ် ကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပြီး ကာကွယ်ပေးနေကြပါသည်။