စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်အုပ်စုနှင့် KNLA တပ်တို့ ဝေါမာကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ဒူးပလာယာ
ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ် ဝေါမာကျေးရွာ တံတားဦးတွင် KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂) နှင့် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ခမရ(၄၃၂) တို့ စက်တင်ဘာလ(၂၂)ရက်နေ့ နေ့လည် (၁၁)နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ဗိုလ်မှူးအောင်နိုင်လင်း ဦးဆောင်သည့် ခမရ (၄၃၂) တပ်ရင်းက အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အစုံ ယူလာကာ နို့တကောမြို့နယ် ဝေါမာ (အလယ်ရွာ)ကျေးရွာ တံတားဦးတွင် KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

"အာဏာသိမ်းစစ်အုပ်စုက ကျတော်တို့ ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားငုတ္တိုကျေးရွာမှာ အခြေချဖို့၊ နယ်ချဲ့ဖို့ အတွက် ကျတော်တို့ဆီကို (၂)ကြိမ် တောင်းဆိုလာခဲ့တယ်။ ကျနော်တို့က သူတို့ကို လက်မခံဘူး။ အဲ့အတွက်ကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်က ယနေ့တွင် အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အစုံ ယူလာပြီး ဘုရားငုတ္တိုကို မရောက်ခင် ဝေါမာကျေးရွာ တံတားဦးတွင် ကျနော်တို့ဘက်က တပ်နဲ့ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်" ဟု ကေအဲန်ယူ- နို့တကောမြို့နယ် တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

ထိုတိုက်ပွဲတွင် KNLA တပ်ခွဲ(၂) ဘက်က ထိခိုက်ကျဆုံးမှုမရှိပဲ၊ အာဏာသိမ်းစစ်အုပ်စု ခမရ (၄၃၂) တပ် ဘက်က (၁)ဦး ကျဆုံးပြီး၊ (၂)ဒဏ်ရာရှရိကြောင်း နို့တကောမြို့နယ် သတင်းနှင့်ပြန်ကြားရေးမှ သတင်းပေး ပို့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အုပ်စုတပ် ခမရ(၄၃၂)တပ်က ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ပြီး ပြည်သူများ၏ နေအိမ်တွင် ကျည်ဆံကျကာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ အမှတ်(၆)တပ်မဟာ၊ ဝင်းရေးမြို့နယ်၊ တပ်ရင်း(၁၆) ဘက်ကိုလည်း အာဏာသိမ်းစစ်အုပ်စုတပ်က တပ်သားများကို လျှို့ဝှက်ပို့ဆောင်လျှက်ရှိကြောင်း တပ်ရင်း ထုတ်ပြန်စာအရ သိရသည်။