စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မူတြော်ခရိုင်, တပ်မဟာ ၅ အတွင်း BGF နှင့် အကြမ်းဖက်စစ်တပ်တို့၏ လတ်တလော လှုပ်ရှားမှု

၁၄ ရက် မေလ ၂၀၂၁ ခုနှစ်

သူးလေသတင်းစဉ်

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်နေ့မှစ၍ BGF ( Border Guard Force ) ၏ တပ်များဖြစ်သော တပ်ရင်း ၁၀၁၃ ၊ ၁၀၁၄ ၊ ၁၀၁၁ ၊ ၁၀၁၈ နှင့် ၁၀၁၉ တို့သည် အင်အား ( ၅၀၀ ) ခန့်ဖြင့် မူတြော်ခရိုင် , တပ်မဟာ ၅ အတွင်းသို့ လှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာခဲ့ကြပါသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့တွင်လည်း BGF ၏ တပ်များသည် ကမမောင်း၌ လှုပ်ရှားမှု ပိုမိုပြုလုပ်လာပြီး စစ်ဆေးမေးမြန်းမှု များပြုလုပ်သောကြောင့် ဒေသခံပြည်သူလူထုများအတွက် စိုးရိမ်ကြောက်ရွံများမှုကို ဖြစ်ပေါ်စေခဲ့ပါသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။

"BGF တပ်တွေ လှုပ်ရှားမှုပိုလုပ်လာပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တဲ့အတွက် ကျနော်တို့ပြည်သူလူထုတွေမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေ ခဲ့တာပေါ့ ...

သူတို့ ဒီအတိုင်းဆက်ပြီး လုပ်သွားရင်တော့ ကျနော်တို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများဖြစ်တဲ့ လယ်ယာလုပ်ငန်း နှင့် တောင်ယာလုပ်ငန်းများကို လုပ်ဆောင်ဖို့ အခက်အခဲများစွာဖြစ်ပေါ်မှာတော့ သေချာတယ် " ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ပြောပြခဲ့ပါသည်။

ထိုထက်မက မေလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီခန့်အချိန်တွင်လည်း ဖားဂေါ်လိုး တပ်စခန်းမှ အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများသည် ကွော်မူသီး ပလောမှ ဟင်းသီးဟင်းရွက် နှင့် သားငါး လိုက်ရှာစားနေသော ပြည်သူများကို လက်နက်ကြီး ၃ လုံးဖြစ် လှမ်းပစ်ခဲ့ပါသည်။

" သူတို့ (အကြမ်းဖက်စစ်တပ်အဖွဲ့) က လက်နက်ကြီးနဲ့ လှမ်းပစ်တော့ ကျနော်တို့က ကြောက်ပြီး လွတ်ရာကိုထွက်းပြေးခဲ့ရတယ်" လို့ ဟင်းသီးဟင်းရွက် လိုက်ရှာစားသူ တစ်ဦးဖြစ်တဲ့ စောတကီးက ပြောပါသည်။

အကြမ်းဖက်စစ်အုပ်စုတို့သည် အာဏာသိမ်းပြီးချိန်မှ စ၍ မူတြော်ခရိုင် , တပ်မဟာ ၅ အတွင်းသို့ တပ်လှုပ်ရှားမှု နှင့် ထိုးစစ်ဆင်မှုများ ပိုမိုလုပ်လာသည် သာမက လူ့အခွင့်အရေးချိုးဖောက်များကိုလည်း နေ့တိုင်းလိုလိုပင် ပြုလုပ်နေကြကြောင်းကို သေသခံများ၏ ဘေပာပြချက်အရ သိရှိခဲ့ရပါသည်။