စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုနှင့် စစ်တိုက်လေယာဥ်ဖြင့်လာရောက်ထောက်လှမ်းမှု

၂၇ရက် မေလ ၂၀၂၁ခုနှစ်။ သူးလေသတင်းစဥ်
၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့တွင် တောင်ငူ ( နေပြည်တော် ) လေယာဥ်ကွင်းမှ ထွက်ခွာလာသော အကြမ်းဖက်စစ်အုပ်၏ စစ်ကင်းထောက်လေယာဥ်တစ်စင်းသည် ည ၈း၁၄ မိနစ်ခန့်အချိန်တွင် ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုသို့ လေယာဥ်ဖြင့် ကင်းထောက်လှမ်းမှု ပြုလုပ်နေချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများလည်းပြုလုပ်ခဲ့ကြပါသည်။
ဤ အကြမ်းဖက်စစ်အုပ်စု၏ စစ်ကင်းထောက်လေယာဥ်သည် မူတြော်ခရိုင်တစ်ခုတည်းသာမက ကေအဲန်ယူ၏ ခရိုင် တပ်မဟာအားလုံးကို လိုက်လံထောက်လှမ်းပြီး ကရင်နီ ( ကယား ) ဒေသများဘက်သို့လည်း ထောက်လှမ်းမှုပြုခဲ့သည်ဟုလည်း သိရှိရပါသည်။
ထို့အတူ မူတြော်ခရိုင် လူသောမြို့နယ်မှ အုပ်စု ၃ ခုဖြစ်သော စောမူပလော၊ လယ်မူပလော နှင့် ခေးပူ မှ ပြည်သူလူထုများသည် နေရာထိုင်ခင်းအခက်အခဲ နှင့် ကျန်းမာရေးအခက်အခဲ စသည့် အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည့်အပြင် အကြမ်းဖက်စစ်အုပ်စုမှ သူတို့၏လုပ်ငန်းခွင်တောင်ယာခင်းများထဲသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သောကြောင့် စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်းများကို ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ကြတော့သော အခက်အခဲနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ဤကိစ္စနှင့်ပတ်သက်၍ စောမူပလောအုပ်စု ဥက္ကဌ "စောဒါးဘီ" မှ ပြေပြသည်မှာ
"ပြည်သာလူထုတွေ အဓိက နှင့် အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရတာကတော့ နေရာထိုင်ခင်း အခက်အခဲ နှင့် စာနပ်ရိက္ခာ တို့ဖြစ်တယ်"
ဟု ဆိုပါသည်။
အကြမ်းဖက်စစ်အုပ်စုတို့သည် ကေအဲန်ယူ မူတြော်ခရိုင်အတွင်းသို့ လေယာဥ်ဖြင့် ထောက်လှမ်းမှုများ အစဥ်ပြုလုပ်သည်သာမက ပြည်သူလူထု၏ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးများ နေ့စဥ် ပစ်ချလျက်ရှိသည်။