စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မူတြော်ခရိုင်အတွင်းတိုက်ပွဲသတင်း


၂၈ ရက် မေလ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဥ်
၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့ နံနက် ၁၀း၄၅ မိနစ်အချိန်တွင် ကူးဆိပ်ရှိ အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့များသည် ဝေဆာဘက်သို့သို့တက်သွားသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ( ၁၀၂ )၏ တပ်ဖွဲ့များနှင့် ကူးဆိပ် နှင့် ဝေဆာကြား၌ ထိတွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း ထိခိုက်ကျဆုံးမှု စာရင်းကို မသိရှိရပေ။
၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့ ညနေ ၂း၅၃ မိနစ်အချိန်တွင် ကောကော်ထာနှင့် ဘလောကြိုး အခြေစိုက် အကြမ်းဖက်စစ်အုပ်စုတပ်စခန်းများမှ အကြမ်းဖက်တပ်ဖွဲ့တို့သည် မယ်ပဒေသ ဝေါခွဲ့ဒို၊ ဝေါခွဲ့ဖိုးနှင့် ဆာလော်ကြိုးအရပ်များသို့ လက်နက်ကြီး ၉ လုံး ပစ်ချခဲ့ပါသည်။
ထို့ပြင် မေလ ၂၇ ရက်နေ့တွင် BGF တပ်ဖွဲ့တို့သည် ၎င်းတို့ တပ်ရင်း ၁၀၁၄ ဌာနချုပ်ရှိရာ သာဂေါ်ပလေသို့ ၆ဘီးကား ၂ စီး နှင့် ၄ဘီးကား ၃ စီးဖြင့် ရိက္ခာများပို့ဆောင်ခဲ့ပါသည်။
တစ်ဆက်တည်းမှာပင် မေလ ၂၇ ရက်နေ့ နံနက် ၁၁း၀၀ နာရီအချိန်တွင် ကယားပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုနှင့် ကယားပြည်သူ့တပ်မတော်တို့အကြား ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့မှ ၁၂ ယောက်သေဆုံးကြောင်းနှင့် လွိုင်ကော်ဘက်တွင် အကြမ်းဖက်စစ်အုပ်စုတို့သည် တပ်အင်အားတိုးချဲ့ချထားကြောင်းလည်း သိရှိရပါသည်။