စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ အရပ်သား(၆)ဦးအား ဖမ်းဆီး

ဩဂုတ်လ(၃၁)ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိ်ုင်၊ မုန်းမြို့နယ်၊ ရေလဲကျေးရွာတွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခလရ (၆၀) မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇေယျာလင်းမှ ဦးဆောင်ပြီး အရပ်သား(၆)ဦးအား ဖမ်းဆီးခဲ့သည်။

ယနေ့နံနက်(၈)နာရီ (၅၄)မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု၏ စစ်ကား(၂)စီးသည် အင်အားအပြည့်ဖြင့် နိုကူးကျေးရွာထဲသို့ ဝင်ရောက်ခဲ့ပြီး  တစ်ဆက်တည်းမှာပင် (၉)နာရီခွဲအချိန်တွင် ရေလဲကျေးရွာထဲတွင်ဝင်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုကို ထောက်ခံသော မိတောက်တင်း နေအိမ် သို့သွားခဲ့သည်။

ဖမ်းစီးသွားသောရွာသား (၆)ဦးမှာ စောကပရူစေး၊ စောဌေးလွင်၊ ကိုမင်းမင်း၊ ဆရာမိုးဇက် (သင်းအုပ်ဆရာ)၊ ဦးမြင့်ရွှေ နှင့် စောကပရူထူး စုစုပေါင်း(၆)ဦးတို့ဖြစ်သည်။

ဖမ်းဆီးရမိ သူများကို မိတောက်တင်း အိမ်သို့ပြန်ခေါ်လာပြီး စစ်ဆေးမေးမြန်းခဲ့သည်။ စစ်ဆေးမေးမြန်းပီး ဖမ်းဆီးရမိသူများထဲမှ သင်းအုပ်ဆရာ ဆရာမိုးဇက်အား  အသက်ကြီးသောကြောင့် ပြန်လွတ်ပေးပြီး ကျန်(၅)ဦးကို စစ်ဆေးမေးမြန်းပြီး ပြန်လွတ်ပေးမည်ဟုဆိုကာ နတ်သံကွင်းဘက်သို့ ခေါ်သွားသည်ဟု သိရှိရသည်။