ဇူလိုင်လ (၁၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ပထမ (၆) လ အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၀) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်း အချက်အလက်များအရ သိရသည်။၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်(၃) ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၀၆ ကြိမ်(၄) ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြ... ...
ဇန်နဝါရီလ (၂၉) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။၂၉ ရက်၊ ၁ လ၊ ၂၀၂၄ ခုနှစ်၊ မွန်းလွဲ (၂:၀၀) နာရီ ဝန်းကျင်၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) KNLA - ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်း ပစ်ချ ဖျက်စီးနိုင်ခဲ့သည်။အဆိုပါ ဖြစ်စဥ်မှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ ကေအဲယူန် - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတက် Mi - 35P Attack Helicopter (၁) စီး နှင့် Eurocopter 365 (၁) စီးတို့အား (K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 (၁) စီးအား ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဥ်တွင် လိုက်ပါလာသော ဗို... ...
ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ် များမှ ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးနှင့် နယ်မြေထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးအစား (၁၈) မျိုး ထပ်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့်ပြန်ကြားရေးဗဟို၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း − ၇၉၁ ကြိမ်(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၂၀၇၅ ကြိမ်(၃) ပြည်သူလူထုများအား လက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၄ ကြိမ်(၄) ပြည်သူလူထုများအားသေနတ်ဖြင့်အကြောင်းမဲ့ပစ်ခတ်ခြင်း − ၂၆ ကြိမ်(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းများတွင် မိုင်းထောင်ခြင်း... ...
ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် အတွင်း မိမိတို့၏နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း (၄,၆၂၃) ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲ (၄,၆၂၃) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ အရာရှိအရာခံအပါ အဝင် တပ်သား စုစုပေါင်း ((၅,၀၀၅) သေဆုံး ပြီး (၃,၃၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏... ...
ဒီဇင်ဘာလ (၅) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဆောထိမြို့နယ်၌ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁)လတာအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာပြည်သူလူထုများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူလူထုများ သေဆုံးရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် စစ်ဘေးရှောင်ရခြင်းများ ရှိခဲ့သည်။ကေအဲန်ယူ−ဆောထိမြို့နယ်တွင် နိုဝင်ဘာလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ညောင်လေးပင် အခြေစိုက် တပ်စခန်း၊ ပုဇွန်မြောင်းတာပျက်၊ ရွှေကျင်၊ မုက္ခမူ၊ သံဆိပ် စခန်းတွင်နေသော ခမရ-၂၀နှင့် ခလရ-၇၅၊ မြစ်ကျွန်းနှင့် ဇလုပ်ကြီးတွင်နေသော ခမရ-၅၉၈၊ ကွင်းဆိပ်တွင် နေသော ခမရ-၃၅၁၊ ဒုံဇရစ်တွင်နေသော ခမရ... ...
အောက်တိုဘာလ (၁၄) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ ဒူးသထူ(သထုံ) ခရိုင်၊ တောအူး(တောင်ငူ)ခရိုင်၊ ခလယ်လွီထူ( ညောင်လေးပင်) ခရိုင်၊ ဘိတ်-ထားဝယ်ခရိုင်၊ မူတြော်ခရိုင်၊ ဒူပလာယာခရိုင် များအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် နှစ်ဖက်တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထု အရေအတွက်မှာ (၇၁၇၆၂၆) ဦးအထိ ရှိလာပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူလူထုများအနေဖြင့် နေရာထိုင်ခင်းအခက်အခဲများ၊ စားနပ်ရိက္ခာမလုံလောက်မှု အခက်အ ခဲ များ၊ ဆေးဝါးမလုံလောက်မှုအခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှ နည်းလမ်းရှာစီစဉ်ပေးမှုဖြင့် စစ်ဘေးရှောင် ပြည်သူလူထု အိမ်ထောင်စု (၅၄၄၉၄)စု မှလူဦးရေ (၂၆၉၆၃၁) ဦးအတွက် ထိုင်းဘတ် ၉ သန်းခန... ...