စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အကြမ်းဖက်စစ်အုပ်စု၏ ကားများ ကူးဆိပ်နှင့်မထောကြား၌ ပစ်ခတ်ခံရ

၃၀ ရက် မေလ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဥ်
၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဖာပွန်သို့ ရိက္ခာ နှင့် ဆေးဝါးအမျိုးမျိုးကို ပို့ဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ ကား ၁၁ စီး ပြန်ဆင်းလာသောအခါ ကူးဆိပ် နှင့် မထောကြား၌ ကရင်အမျိုးသားလွတ်မြေက်ရေးတပ်မတော် နှင့် ထိတွေ့ကာ ပစ်ခတ်မှု ( ၂ ) ကြိမ် ဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက် စစ်အုပ်စုမှ လက်ကြီးနှင့်လက်နက်ငယ်များ မြောက်များစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြသည်ဟုလည်း ဒေသခံများက ပြောကြားခဲ့ပါသည်။
ပထမအကြိမ် ပစ်ခတ်မှုသည် နံနက် ၇း၂၅ မိနစ်အချိန်၌ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ် ပစ်ခတ်မှုသည် မွန်းလွဲပိုင်းအချိန်၌ ဖြစ်ပွားခဲ့ပါသည်။
ထိုပစ်ခတ်မှု ( ၂ ) ကြိမ် လုံးတွင် အကြမ်းဖက်စစ်အုပ်စု၏ တပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ပါသည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ ကား ၂ စီးသည် လုံးလုံးပျက်စီးခဲ့ပြီး အခြားကားများသည်လဲ ထိခိုက် ချွတ်ယွင်းမှု အများအပြားလည်းရှိခဲ့ပါသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင် ထိခိုက်ကျဆုံးမှုမရှိပေ။
ဤကဲ့သို့သော ပစ်ခတ်တိုက်ခိုက်မှုမျိုးသည် ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ တစ်ခုတည်း အတွင်းမှာသာ ဖြစ်ပွားခဲ့သည်မဟုတ်ဘဲ ကေအဲန်ယူ၏ အခြားသော ခရိုင် နှင့် တပ်မဟာ များမှာလည်း မကြာခဏ ဖြစ်ပွားမှုရှိခဲ့ပါသည်။