စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ-ဘီးလင်းမြို့နယ်ရှိ လေးကေကျေးရွာအား စစ်ကောင်စီမှ တစ်ရက်တည်းတွင် လေယာဥ်ဖြင့် (၂) ကြိမ်လာရောက်ပစ်ခတ်

၂၀၂၂ ခုနှစ်၊ မေလ ၂ရက်၊ ကေအဲန်ယူ ဗဟိုမေလ (၁)ရက်နေ့က ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအား အာဏာသိမ်း စစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် (၂) ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ရွာသားများနှင့် KNU တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှ သတင်းပေးပို့သည်။"မနက် (၁၁) နာရီခွဲမှာ ပထမအကြိမ် ဟယ်လီကော်ပတာ (၂)စင်း လာပစ်တယ်၊ လေးကေရွာ ဘုန်းကြီးကျောင်းဘေးက လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်၊ တစ်ခြားထိခိုက်တာ တွေလည်းရှိပေမယ့် အားလုံးမသိရသေးဘူး" ဟု ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှပြောသည်။ထို့နောက် မွန်းလွဲ(၁)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီမှ တိုက်လေယာဥ် (၂)စင်းဖြင့် ဒုတိယအကြိမ် လေးကေကျေးရွာအား လာရောက်ပစ်ခတ်ခဲ့ပြီး လူနေအိမ် (၉)လုံးနှ... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီ တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် လူနေထိုင်ရာဒေသများသို့ ပစ်ခတ်နေမှုကြောင့် ဒေသခံ စစ် ဘေးရှောင် (၇၀၀၀) ခန့်ရှိလာ

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ရက်၊ ကေအဲန်ယူဗဟိုဧပြီလ ၂၃ ရက်နေ့မှစ၍ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း KNDO/ KNLA တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီ၊ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေး တင်းမာမှုများရှိလာခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များမှ လူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ဒေသခံ ပြည်သူ ( ၇၀၀၀) နီးပါး နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးနယ်၊ မြစ်ကျိုးကျေးနယ်မှ ကျေးရွာပေါင်း (၉)ရွာတို့ရှိ လူဦးရေ (၇၀၀၀)နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များလိုအပ်လျှက်ရှိသည်။ဧပြီလ (၂၃) ရက်နေ့ည ကလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေါဇံကြီးကျေးရွာမှ (၁၄) နှစ်အရွယ် မိန်... ...

ဆက်ဖတ်ရန်
သတင်းများ
ကတိုင်ဒိ(ကတဲတေ) BGF- စခန်းမှ လက်နက်ကြီး (၁၂၀မမ) များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာမှ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ရက်၊ ကေအဲန်ယူ ဗဟ်ုဧပြီလ ၂၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်၌ ကတိုင်ဒိကျေးရွာ (BGF-၁၀၁၃) စခန်းမှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ ဒေါဇံကြီးကျေးရွာ (တာအိုနီ) မှ (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။"ည ၁၁နာရီ လောက်က လက်နက်ကြီး တစ်လုံးကျတယ်၊ ကလေးမတစ်ယောက်နဲ့ အဘွားအိုတစ်ယောက်ထိတယ်၊ နှစ်ယောက်စလုံးလက်မောင်းကိုထိတာ၊ ဒဏ်ရာမပြင်းပေမယ့် ရွာထဲမှာလူတွေမနေရဲကြတော့ဘူး" ဟုဒေသခံတစ်ဦးက ပြောသည်။ ကတိုင်ဒိ BGF-၁၀၁၃ စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာရှိ လူနေအိမ် (၅)လုံးလက် နက်ကြီးစများ ထိမှန်ကာ ထိခိုက်ပျက်စီးမှုများရှိသည်။ ဧပြီ လ ၂၀ ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း၂ ဌာနချုပ်မှ လေးကေနှင့် ဝင်းတာပန်ကျေးရွာ... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ အဓမ္မဖယ်ရှားခိုင်းနေ

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ရက်၊ ကေအဲန်ယူ-ဗဟိုအာဏာသိမ်း စစ်ကောင်စီ လမ်းဦးစီးဌာနမှ (ဝါးဘိုးတော-ကမမောင်း)လမ်းဆုံရှိ လူနေအိမ်များနှင့် ဆိုင်တန်းများကို လမ်းနယ်ကျူးကျော်သည်ဟုဆိုကာ (၂၈-၄-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားခိုင်းနေပြီး လိုက်နာမှုမရှိပါက တရားစွဲဆိုခြင်းခံရမည်ဟု စာပို့ထားကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှသိရသည်။စစ်ကောင်စီက တရားမဝင် နေအိမ်၊ အဆောက်အဦးများ ဆောက်လုပ်နေထိုင် သည်ဟုဆိုကာ ဖယ်ရှားခိုင်းစေခြင်းခံရသော အိမ်ခြေနှင့် ဈေးဆိုင်ပေါင်း (၄၀)လုံးရှိပြီး ထိုလမ်းဆုံ၌ နေထိုင်သည့် ဒေသခံပြည်သူ စုစုပေါင်း (၂၂၄)ဦး နေအိမ်ဆုံးရှုံးရမည့်အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။"ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက ပေကြိုးတွေနဲ့ လမ်းမနဲ့ဆိုင် အကွာအဝေးကို လာတိုင်းသွားတယ်၊ ဟိုးအရင်ကတည်းက ဒီလမ်းဆုံမှာပဲ ဈေးရောင်းရင်း အသက်မွေးတာ၊ အခု ကျူးကျော်လို့ သက်မှတ်ပြီးဖယ်ခိုင်းတယ် မဖယ်ရင်တရားစွဲခံရ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲသတင်း

၁၈-၄-၂၀၂၂ကေအဲန်ယူ ဗဟိုကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းတွင် အာဏာ သိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့်တပ် BGF တပ်များမှ စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ စဥ်ဆက်မပြတ် ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် နယ်မြေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ် ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် နယ်ခြားစောင့် တပ် BGF တပ်များအား ရဲရဲဝံ့ဝံ့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါသည်။ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဒေသများ တွင် တိုက်ပွဲများ အများဆုံး ဖြစ်ပွားကာ၊ တိုက်ပွဲကြီးများလည်း ဖြစ်ပွားနေသည်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်လေယာဥ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ကေအဲန်ယူ- ဒူးပလာယာခရိုင်တွင... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၌ ၁၅ ရက်တာအတွင်း ပစ်ခတ်တိုက်ခိုက်မှုသတင်း

၁၉ ဧပြီ ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်အတွင်း ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ( ၁၇၄ ) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ (၈၁) ယောက်သေဆုံးကာ (၄၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုသေ ဆုံးသွား သော အာဏာသိမ်းစစ်ကောင်စီ၏ တပ်များထဲတွင် တပ်ခွဲမှူး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် နှင့် တပ်ကြပ် ၁ ယောက်ပါဝင်ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား ၃ စီး ကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဖျက်ဆီး နိုင်ခဲ့ပါသည်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်တွင် တိုင်းပြည် နှင့် လူမျိုးအတွက် ၁ ဦး အသက်စွန့်ခဲ့ရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ပစ်ခတ်တိုက်ခို... ...

ဆက်ဖတ်ရန်