စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်၊ ကေအဲန်ယူဗဟို အောက်တိုဘာလ (၂၁) ရက်နေ့က စကခ (၈) လက်အောက်ခံ ခမရ (၄၀၆) စစ်ကြောင်း (၂) မှ ဗိုလ်မှူး ကျော်ထွန်းငြိမ်း ဦးဆောင်သော အဖွဲ့အင်အား (၂၂) ဦး နှင့် BGF-1013 ဗိုလ်ဝါသိုး ဦးဆောင်သောအဖွဲ့ အင်အား (၃၀) ဦးတို့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ (သထုံ) ခရိုင်၊ တပ်မဟာ (၁) ထိမ်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်အတွင်းသို့ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန်အတွက် တပေါ တပ်စခန်းမှာ စထွက်ချိန်မှာ ရွာသား (၅) ဦး အား လမ်းပြအနေဖြင့်လည်းကောင်း သူတို့အတွက် ဒိုင်းကာအဖြစ်လည်းကောင်းအသုံးပြုရန် အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပါသည်။   ကားမဲရွာရောက်သောအခါ ကားမဲရွာသူ နော်မိစန်းအေး၏ ကျွဲ (၁) ကောင်ပစ်သတ်ခဲ့သည်။ ထို့နောက် ရွာသားနှစ်ဦးဆီ ဖုန်းနှစ်လုံးအတင်း အဓမ္မ လုယူပြီး ရွာအတွင်းရှိစျေးဆိုင်မှ (၈၀၀၀၀) ဖိုးတန်းဖိုးရှိ ဖုန... ...

ဆက်ဖတ်ရန်
သတင်းများ
ရက် (၂၀) အတွင်း ကေအဲန်ယူ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေရှိတိုက်ပွဲသတင်းစုစည်းမှု။

၂၀၂၁ ခုနှစ်၊အောက်တိုဘာလ (၂၃) ရက်နေ့၊ ကေအဲန်ယူ-ဗဟို   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ လူသောမြို့နယ်၊ဘူးသိုမြို့နယ် နှင့် ဒွယ်လိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် BGF တပ်ရင်း များ မှ စစ်ရေးလှုပ်ရှားမှုများ လူအခွင့် ရေးချိုးဖေါက်မှုများ နေစဉ်ပြုလုပ်နေပါသည်။ ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ နယ်မြေလုံခြုံရေး နှင့် မိဘ ပြည်သူ အသက်အိုးအိမ် ကာကွယ်ရေးအတွက် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့ပါသည်။ တပ်မဟာ (၅) နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားတပ် (၂၇) တပ်ရင်း နှင့် BGF တပ်ရင်း (၂) ရှိပါသည်။   ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိ... ...

ဆက်ဖတ်ရန်
သတင်းများ
(၁၄) ရက် အတွင်းတိုက်ပွဲသတင်း

ကေအဲန်ယူ ဗဟို ၁၆/၁၀/၂၀၂၁ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှ စ ၍ ယနေ့အချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်များ၏ စစ်ရေးလှုပ်ရှားမှု နယ်မြေ စိုးမိုး မှု များ ပိုမိုလုပ် ဆောင်လာ သော ကြောင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် အာဏာသိမ်း စစ်ကောင်စီ လှုပ်ရှား တပ်များကြား တိုက်ပွဲနေ့စဉ်ရက်ဆက်ဖြစ်ပွား လျှက်ရှိ နေသည်။ကေအဲန်ယူ-ကရင်အမျိုးသား ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ(၁) နယ်မြေအတွင်း တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစပြီး (၁၄) ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၉) ကြိ်မ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒု-ဗိုလ်အဆင့်ရှိသူတစ်ဦးအပါဝင်စုစုပေါင်း (၃၁)ဦးသေဆုံးပြီး (၂၅) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေအတွင်း တိုက်ပွဲပေါင်း (၅) ကြိမ်ဖြစ်ပွ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်

အာဏာသိမ်းစစ်ကောင်စီနှင့် BGFပူးပေါင်းတပ်ဖွဲ့မှ ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ရက်၊ သထုံခရိုင် အာဏာသိမ်းစစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာ ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီက ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ စစ်ကောင်စီနှင့် BGFတို့ ပစ်သတ်လိုက်သောသူမှာ ကေအဲန်ယူ-တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ ဝါကောကျေး ကျေးရွာမှ မီးပုံးကျေးရွာတွင် လာရောက်နေထိုင်သူ အသက် (၅၀)နှစ်ရှိ စောမောင်တင်လင်းဖြစ်သည်ဟု KNU-ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှူးကပြောသည်။ အောက်တိုဘာလ (၇)ရက်နေ့ကလည်း စစ်ကောင်စီနှင့်BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ-ဘားအံမြို့နယ်အတွင်း ရှိ ကျေးရွာ အချို့ကို ရွာသားများ၏ သဘောဆ... ...

ဆက်ဖတ်ရန်
သတင်းများ
လၢ (၄) သီကတီၢ်ပူၤ သုးမီၤစိရိၤအသုးတဖၣ် မၤဘၣ်ဒိဝဲ ဟီၣ်ခိၣ်ဖိခွဲးယၥ် လၢမုၢ်တြီၢ်ကီၢ်ရ့ၣ် ဒီး ဒူသထူၣ်ကီၢ်ရ့ၣ် အဟီၣ်ကဝီၤပူၤ

၂၀၂၁ နံၣ်, လါအီးကထိဘၢၣ် ၁၁ သီ, ခ့ၣ်အဲၣ်ယူၣ်-လီၢ်ခၢၣ်သးခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, မုၢ်တြီၢ်ကီၢ်ရ့ၣ်, ဒွဲၣ်လိကီၢ်ဆၣ်, အဟီၣ်ကဝီၤပူၤ ဖဲ ၅-၁၀-၂၀၂၁ နံၤ သုးခိးကီၢ်ဆၢ (BGF-1014)သုးရ့ၣ်ခိၣ် အမံၤမီၣ်ခၠံး နဲၣ်လီၤဝဲအပှၤ စီၤဖါဒါ လၢအတီခိၣ်ရိၣ်မဲတၢ်ဖဲ မဲၤပြံးဖးဒိၣ် သုးကလၢၤပူၤ လၢကကွဲန့ၢ်လွဲန့ၢ်ဝဲ ပှၤသူၣ်ဘီၣ်သးစၢ်တဖၣ် လၢကသံၣ်မူၤဘှီးန့ၣ်လီၤ. ကသံၣ်မူၤဘှီး လၢအမ့ၢ်ကသံၣ်ကသ့ၣ်တဖၣ် သုးခိးကီၢ်ဆၢ (BGF) အပှၤ သုးဒ့ခိၣ် စီၤမီၤနံၤ ဆှၢထီၣ်ဝဲတုၤလၢ မဲၤပြံးဖးဒိၣ် သုးကလၢၤပူၤလံ န့ၣ်လီၤ.ဒွဲၣ်လိကီၢ်ဆၣ် ဟီၣ်ကဝီၤပူၤ ဖဲ ၅-၁၀-၂၀၂၁ နံၤ သုးမီၤစိရိၤအသုး စကခ (၈), ခမရ-၄၀၅, ကွဲဆူၣ်ဝဲ ၀ီၢ်ဝံၢ်လ့သဝီဖိ (၆) ဂၤ, မုၣ် (၄) ဂၤ, ခွါ (၂) ဂၤ ဒီး မၢဝဲကမျၢၢ်ဖိ ဝံန့ၢ်အတၢ်ဖိတၢ်လံၤ ဒီး ဟးဒုးနဲၣ်အီၤကျဲ န့ၣ်လီၤ. ခီဖျိသုးမီၤစိရိၤအသုးသ့ၣ်တဖၣ် သူဝဲကမျၢၢ်ဖိ လၢအဝဲသ့ၣ်တဖၣ် အဒုးယၤဂ့ၢ်ဝီ တၢ်ရဲၣ်တၢ်ကျဲၤပူၤအဃိ ဝီၢ်ဝံၢ်လ့ကမျၢၢ်ဖိ ပိၥ်မ... ...

ဆက်ဖတ်ရန်
သတင်းများ
BGF-၁၀၁၄ တပ်ရင်းမှ ကျေးရွာ(၆)ရွာအား ရွာသားများ၏ သဘောဆန္ဒမပါပဲ (၃)လသူကြီးစနစ်ဖြင့် အုပ်ချုပ်ရန် အဓမ္မညွှန်ကြား

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉ရက်၊ သထုံခရိုင် အောက်တိုဘာ (၇) ရက်နေ့လည် (၁၂) နာရီခန့်က BGF-၁၀၁၄ တပ်ရင်း လက်အောက်ခံ (BGF-ညောင်ကုန်း စစ်ဆေးရေးဂိတ်) မှ KNU သထုံခရိုင်၊ ဘားအံမြို့ နယ် အတွင်းရှိ ကျေးရွာ (၆) ရွာမှ ကျေးရွာခေါင်းဆောင်များကို ခေါ်ယူ၍ (၃) လသူကြီး စနစ်ဖြင့် အုပ်ချုပ်ရန် ကျေးရွာပြည်သူများ၏ သဘောဆန္ဒမပါဘဲ အဓမ္မညွှန် ကြား ခိုင်းစေခဲ့သည်။ BGF-ညောင်ကုန်း စစ်ဆေးရေးဂိတ်မှ ဖားကနူနှင့် မိုးဟိန်းတို့ (၂) ဦးက အဓမ္မညွှန်ကြား ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ကျေးရွာ (၆) ရွာမှာ ကေအဲန်ယူ-ဘားအံ မြို့နယ်၊ ကျုံခနကျေးနယ်အုပ်စုအတွင်းရှိ ကျုံခနကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ တံတားဦးကျေးရွာ၊ ရှောက်ကုန်းကျေးရွာ နှင့် အီးဟယ် ကျေးနယ်အုပ် စုရှိ နို့နော်ဝါးနှင့် လှိုင်းကဒက်ကျေးရွာ တို့ဖြစ်သည်။ (၃) လသူကြီးဖွဲ့စည်းခိုင်းရာတွင် အိမ်ခြေများသော ရွာကြီးများကို တစ်ရွာလျှင် (၃) ဦးဖ... ...

ဆက်ဖတ်ရန်