စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အများပြည်သူ အသုံးပြုသွားလာနေသော လမ်းတွင် ဂိတ်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ ၎င်းတို့ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးထောက်ခံစာ မပါပါက သွားလာခွင့်မပေး

ဇွန်လ(၄)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ အများပြည်သူ အသုံးပြုသွားလာနေသော လမ်းတွင် ဂိတ်ချထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ ၎င်းတို့ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါပဲ သွားလာနေသော ပြည်သူလူထုများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ သွားလာခွင့်မပေးဟု စား ဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရသော ပြည်သူလူထုထံမှ သိရှိရသည်။ ယနေ့ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာပြည်သူလူထုများမှ ကျောက်ကြီးမြို့သို့ စားသောက်ကုန်များ ဝယ်ယူရန်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်၏ အစစ်ဆေးခံရပြီး အာဏာသိမ်း စစ် ကောင်စီမှ ခန့်အပ်သော အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါသောကြောင့် မြို့ထဲသို့ ဝင်ရောက်ခွင့်မရှိပဲ ပြန်လှည့်လာခဲ့ရသည်။ ထိုမျှမက နောက်နောင် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်သော အုပ် ချုပ် ရေးမှူးထောက်ခံစာ ကိုင... ...

ဆက်ဖတ်ရန်
သတင်းများ
တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက အနီးရှိရွာ(၂) ရွာအား ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟုခမရ-အမှတ် (၉) တပ်ရင်းမှူးခြိမ်းခြောက်။ လက်နက်ကြီးများ ဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ရက်၊ ကေအဲန်ယူ - ဗဟို KNU မှထိန်းသိမ်းထားသော အာဏာသိမ်း စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းမှ တပ်ဖွဲ့ဝင် (၂) ဦးကို ပြန်မလွှတ်ပေးပါက ကေအဲန်ယူ-သထုံမြို့နယ် အတွင်းရှိ ထုံးဘိုကြီးနှင့် ထုံးဘိုလေး ကျေးရွာ (၂) ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျတ်ဆီးပစ်မည်ဟု ခမရ အမှတ် (၉) တပ်ရင်းမှူးက ရွာလူကြီးမှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုကြောင်းသိရသည်။ဇွန်လ (၁) ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခမရ အမှတ် (၉) ဝီယော်စခန်းမှ ဗိုလ်ကြီးကျော်ဇင်ထက်နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ (၂) ဦးတို့သည် ထုံးဘို ကြီး ကျေးရွာအတွင်းသို့ ဆိုင်ကယ်ဖြင့် လာရောက် သတင်း ထောက်လှမ်းနေစဥ် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ဇွန် (၂) ရက် နံနက် (၅) နာရီခွဲခန့်က ပိန္နဲတော၊ လေးကေ၊ ဝင်းတာပန်တို့ရှိ စစ်ကောင်စီ စခ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်‌နယ်မြေအတွင်းတွင်ကိုယ်ထူကိုယ်ထကျောင်းအချို့ဖွင့်လှစ်နိုင်ခဲ့သော်လည်း အချို့ ကိုယ်ထူကိုယ်ထကျောင်းများ ဖွင့်လှစ်ရန်အတွက် ခြိမ်းခြောက်ခြင်းခံရ

ဇွန်လ(၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ပြည်သူလူထုတည်ထောင်သည့် ကိုယ်ထူကိုယ်ထကျောင်းများ ဖြစ်သော လော်မူပယ်ကျေးရွာရှိ မူလတန်းကျောင်း၊ လော်မူသောကျေးရွာရှိ အလယ်တန်းကျောင်းနှင့် ကော်သာစေးကျေးရွာရှိ အလယ်တန်းကျောင်းများကို ယနေ့ နံနက် (၈) နာရီခွဲအချိန်တွင် ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယခုလို ကိုယ်ထူကိုယ်ထကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျောင်းသုံးပစ္စည်းကိရိယာများ၊ စာရေးခုံနှင့် ထိုင်ခုံများ အလုံအလောက်မရှိသေးဟု သိရသည်။ အာဏာရှင်၏ ပညာရေးစနစ်ကို မနှစ်သက်သော ကျွဲခြံကျေးရွာရှိ ပြည်သူလူထုများသည်လည်း မိမိတို့ကိုယ်တိုင် ယခုလိုကိုယ်ထူကိုယ်ထကျောင်းကို တည်ဆောက်ရန်အတွက် ကြိုးပမ်းနေချိန်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ခြင်း ခံရခဲ့သည်။ ခြိမ်းခြောက်ခံရခ... ...

ဆက်ဖတ်ရန်
သတင်းများ
၂၀၂၂ ခုနှစ်၊ မေလအတွင်း ဒူးသထူခရိုင် တိုက်ပွဲသတင်း ထုက်ပြန်ချက်

၂၀၂၂ ခုနှစ် ဇွန် ၁ ရက် ကေအဲန်ယူ - ဗဟိုကေအဲန်ယူ- သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ ထိန်းချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အာဏာသိမ်း စစ်ကောင်စီ-BGF ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA/KNDO) တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု(၄၁)ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၇၁)ဦးသေ၊ (၅၃)ဦး ထိခိုက်ဒဏ်ရာရ၍ စစ်ကား (၅)စီးပျက်စီးခဲ့သည်။ KNLA/KNDO ပူးပေါင်းတပ်ဖွဲ့များမှ မျိုးချစ်စစ်သည် (၁၁)ဦး ထိခိုက်ဒဏ်ရာရကာ (၂)ဦး ပြည်သူ့အတွက် အသက်ပေးသွားခဲ့ရသည်။မေလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာအတွင်းသို့ လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ အရပ်သားပြည်သူများ၏ နေအိမ် (၁၁)လုံး မီးလောင်ပျက်စီးခဲ့၍ စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရခဲ့သည်။ထို့အပြင် စစ်ကောင်စီ တပ်များမှ ဒေသခံပြည်သူမ... ...

ဆက်ဖတ်ရန်
သတင်းများ
စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို ဖမ်းဆီးနေခြင်းများကြောင့် ဒေသခံတစ်ချို့ တိမ်းရှောင်နေရ။

၂၀၂၂ ခုနှစ်၊ မေလ ၂၉ရက်၊ သထုံခရိုင်။.ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကိုအကြောင်းမဲ့ ဖမ်းဆီးနေခြင်းများကြောင့် ဒေသခံတစ်ချို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်းသိရသည်။ မေလ ၂၇ ရက်နေ့က ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်ရှိ စစ်စီးကုန်း၌ နယ်မြေကျူးကျော်လာသော ပျူစောထီးအဖွဲ့များနှင့် စစ်ကောင်စီ တပ်မ ၂၂၊ တပ်မ ၄၄၊ တပ်မ ၇၇ စုပေါင်းအင်အား ၇၀ ခန့်နှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့ အကြားမိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ထိတွေ့ပစ်ခတ်မှု၌ နှစ်ဖက်ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်များမှ သစ်ဆိပ်ပင်ကျေးရွာသား (၁)ဦးအား ပေါ်တာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မေလ (၂၆) ရက်နေ့ကလည်း လက်ပံပင်ရွာ သား မောင်ဘုန်းဝေကျော်နှင့် အထက်အဂ်ဘိုရွာသား မောင်ပိန်တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ဆောင် သွားခဲ့ကာ ယခုချိန်ထိ ပြန်လည်... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ တပ်မဟာ(၁)(၃)(၄)(၅)အတွင်းရှိ သွားလာရန်ခက်ခဲသော နေရာများရှိ စစ်ဘေးရှောင်များ လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိကြောင်း။

ကေအဲန်ယူ-ဗဟို၂၀၂၂ခုနှစ်၊မေလ(၂၉)ရက်။KNU ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ အမြဲပြုလုပ် လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပါသည်။စစ်ကောင်စီတပ်များသည် သူတို့၏နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်း နေထိုင်နေကြရပါသည်။ လက်ရှိတိုက်ပ... ...

ဆက်ဖတ်ရန်