စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ တပ်မဟာ (၃) တပ်ရင်း (၉) မြေနီကုန်း စခန်းအား သွားရောက်ပစ်ခတ်ခြင်း

၂၉ရက်နေ့ မတ်လ ၂၀၂၁ခုနှစ် သူးလေသတင်းစဉ်၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု အခြေစိုက် ဆင်မတောင်တပ်စခန်းတွင်ရှိသောတပ်မှ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချူပ်မှု နယ်မြေဒေသဖြစ်သော လယ်ဒို(ကျောက်ကြီး) မြို့နယ်၊ တပ်ရင်း(၉)၊ မြေနီကုန်းစခန်း အား သွားရောက်တိုက်ခိုက်ခဲ့ပါသည်။ သွားရောက်တိုက်ခိုက်သည့်အချိန်မှာ မနက် ၈ နာရီ ခွဲဖြစ်သည်။ ဆင်မတောင်တွင် တပ်စွဲထားသော တပ်များမှ မြေနီကုန်းနေရာသို့ ချီတက်တိုက်ခိုက်မည့် ၎င်းတို့၏ တပ်များအတွက် လက်နက်ကြီးများဖြင့် ထိုနေရာသို့ ကြိုတင်ပစ်ခတ်ခဲ့ပါသည်။ ကြာမြင့်ချိန် ၃ နာရီခန့်ရှိပြီး အာဏာသိမ်းစစ်တပ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု အလွန်များသောကြောင့် နောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် စပ်လဲကျေးရွာရှိ သရီဒေါ့ဖဲ ဆေးရုံတွင် တိုက်ခိုက်ရန် ပြန်လည်စောင့်ဆိုင်းခဲ့ပါသည်။ ၂၇ရက်နေ့ ညအချိန်တွင် ထိုမြေနီကုန်းရှိ အရင်အမျိုးသားလွတ်မြောက်ရေး... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ - မူတြော်ခရိုင်ဌာနချုပ်ကို လေယာဥ်ဖြင့် လာရောက်ပစ်ခတ်

၂၈ မတ်လ ၂၀၂၁ ခုနှစ် သူးလေသတင်းစဥ် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဥ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ ပစ်ခတ်ရာတွင် နေအိမ်တစ်လုံးမီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင်နေထိုင်သောသူသည်လဲထိခိုက်သေဆုံးပြီးမီးလောင်ကျွမ်းခဲ့သည်။ ထို့ပြင် အခြားသော ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများလဲရှိခဲ့ပါသည်။ ...

ဆက်ဖတ်ရန်
သတင်းများ
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်နှင့်ရဲများက ဆန္ဒပြပြည်သူလူထုများကို လိုက်လံဖမ်းဆီးခြင်းနှင့် သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ခြင်း

မတ်လ (၂၇)ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်။ ယနေ့ကျရောက်သည့် တပ်မတော်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ရှိ ပြည်သူလူထုများမှ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြရန် ရဲနှင့်စစ်တပ်များမှ သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းဖြင့် ဖြိုခွင်းခံခဲ့ရသည်။ ဆန္ဒပြပြည်သူများမှ ယခုလို ဖြိုခွင်းမှုကြောင့် အုပ်စုကွဲကာ ထွက်ပြေးတိမ်းရှောင်ရပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသည့် အစီအစဉ် မအောင်မြင်ခဲ့ပေ။ ယခုလို လိုက်လံဖမ်းဆီးခြင်းကြောင့် ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်တွင် နေထိုင်သည့် ဆန္ဒပြလူငယ်(၃)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရှိရသည်။ ယခုလို သေနတ်များပစ်ခတ် ခြိမ်းခြောက်ခြင်းကြောင့် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာမှ ကျေးရွာသူရွာသားများမှ နေရပ်ကို စွန့်ခွာပြီး တောထဲတွင် ထွက်ပြေးတိမ်းရှောင်ရသည်။ ဖမ်းဆီးခံရသည... ...

ဆက်ဖတ်ရန်
သတင်းများ
ကမျၢၢ်ဖိတဖၣ် ပၥ်ဖှိၣ်အသး ဒီး ဃ့ထီၣ်ဝဲ အတၢ်ဘၣ်သး ဖဲလါမးရှး ၂၇ သီ, ၂၀၂၁ နံၣ်

လါမးရှး ၂၇ သီ, ၂၀၂၁ နံၣ်ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ, ချၢၣ်လွံၢ်ထူၣ်ကီၢ်ရ့ၣ်, မူကီၢ်ဆၣ် ကမျၢၢ်ဖိတဖၣ် ပၥ်ဖှိၣ်ထီၣ်အသးဒီး ဃ့ထီၣ်ဝဲ အတၢ်ဘၣ်သးဖဲ ဂီၤ (၈း၃၀) မံးနံး နိၣ်ညၣ်လၣ် ဟီၣ်ကဝီၤ တၢ်လီၢ်ဂံၢ်ခိၣ်သ့ၣ် အပူၤန့ၣ်လီၤ.တၢ်ပၥ်ဖျါထီၣ်သးတဘျီအံၤ ပှၤလၢအတီခိၣ်ရိၣ်မဲတၢ်မ့ၢ်ဝဲ ဒူသဝီခိၣ်နၢ် ပှၤဘၣ်မူဘၣ်ဒါသ့ၣ်တဖၣ်န့ၣ်လီၤ. လၢတၢ်ကိးသတြီတဘျီအံၤ အိၣ်ဒီးတၢ်ဂ့ၢ်ဃုထံၣ် လၢအမ့ၢ်ဝဲ (၁) တၢ်ကမၤလီၤပှီၢ်ကွံၥ် သုးမီၤစိရိၤသနူ (၂) တၢ်ကဘၣ်တြူၥ်ကွံၥ် ၂၀၀၈ တၢ်ဘျၢခိၣ်သ့ၣ် (၃) တၢ်ကသူၣ်ထီၣ် ဖဲၣ်ဒရၢၣ်ကီၢ်စၢဖှိၣ် (၄) ပှၤလၢတၢ်ဖီၣ်ဃၥ်အီၤတဖၣ် တၢ်ကပျၢ်လီၤကွံၥ်အီၤ (၅) ပတလိၣ်ဘၣ် ထံလီၢ်ကီၢ်ပူၤ တၢ်ဒုးတၢ်ယၤဘၣ် ဒီး (၆) ကလုၥ်တၢ်သဘံၣ်သဘုၣ် ဒီး တၢ်ဘူၣ်တၢ်ဘါ တၢ်သဘံၣ်သဘုၣ် ပတသးလီဘၣ် န့ၣ်လီၤ.ကမျၢၢ်လၢအဟဲဒီး ပၣ်ဃုၥ်ပၣ်ဂီၢ်လၢ တၢ်ပၥ်ဖျါထီၣ်သးတဘျီအံၤ ပှၤနီၣ်ဂံၢ်ခဲလၢၥ်အိၣ်ဝဲ (၁၀၀) ဘျဲၣ်ဒီးကရူၢ် (၄) ဘ့ၣ် လၢအမ့ၢ် ကိၤနံၤ, တခီးပှ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်မှ ဆန္ဒပြပြည်သူများကို ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်း

မတ်လ (၂၆)ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဒဲကောကျေးရွာတွင် ကျေးရွာသူ/ရွာသားများမှ ည (၈) နာရီမှစတင်၍ (၁၅) မိနစ်ကြာ သံပုံးတီးပြီး ဆန္ဒပြခြင်းကို မတ်လ (၂၄) ရက်နေ့မှစတင်၍  ပြုလုပ်ခဲ့ကြသည်။ မတ်လ (၂၅) ရက်နေ့ ည (၁၂) နာရီခွဲအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မှ ဘောကထာ စခန်းရှိ စစ်သား (၁၀) ယောက်သည် ပဒဲကောကျေးရွာမှ မိမိတို့၏ကျေးရွာလုံခြုံရေးအတွက် ချထားသည့် ကင်း သမား (၅) ယောက်အား "နင်တို့ဒီလိုလုပ်တာ ငါတို့ကို မလေးစားတာလား။ နင်တို့ကို အချိန်မရွေး ပစ်သတ်လို့ရ တယ်။ နင်တို့ကို အခုပစ်သတ်ရင် နင်တို့မိဘတွေတောင် လာတားလို့မရဘူး။ နင်တို့ခြိမ်းခြောက်ချင်ရင် ငါတို့တပ် စခန်းရှေ့မှာ လာပြီးခြိမ်းခြောက်။ ငါတို့ စောက်ဂရုမစိုက်ဘူး။ နင်တို့ဒီလိုလုပ်တာ ငါတို့အလုပ်ရှုပ်တယ်။ ဒီအ ကြောင်းတွေကို အထက်ကိုတင်ပြရင် နင်တို့ကို သတ်ခိုင်းလိမ့်မယ်လို့" ယခုလို... ...

ဆက်ဖတ်ရန်
သတင်းများ
ဒေသခံများ ၏ လုပ်ငန်းခွင် နှင့် နေထိုင်ရာ အရပ်သို့ အာဏာသိမ်းစစ်ကောင်စီ ၏ စစ်တပ်မှ လက်နက်ကြီးများ ပစ်ခတ်ခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ (၁၇)ရက်သူးလေသတင်းစဉ် ၂၀၂၁ ခုနှစ်၊ မတ်လ (၁၆)ရက် နံနက် ၁ဝး၃၀ နာရီခန့်တွင် မူတရော်ခရိုင်၊ လူးသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စု၊ ထို့မူပလယ်မဲ တွင် စခန်းထိုင်သော အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ (တပခ) တပ်စခန်း ခမရ (၂၀) မှ တပ်သားများ သည် ယာ့ကျိုးမှ လေးဒေး တလျှောက် တောင်ယာများကို မီးလိုက်ရှို့ပြီး ဖျက်ဆီး ခဲ့ကာ ၁ဝး၄၅ နာရီ မှ ညနေ ၂း၁၃ နာရီ အထိ လက်နက်ကြီး (၁၅)ချက် အား ပစ်ခတ်ခဲ့ပါသည်။ (၁၅)ရက်နေ့ ညနေ ၃းဝ၀ နာရီ ခန့်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ် စကခ(၄) ခမရ(၇၀၄) မှ ဆိုင်ကယ် (၄)စီးဖြင့် ထီးထော်ပယ် မှ စီဒေး သို့ လာခဲ့ပြီး (၁၆)ရက်နေ့ နံနက် ရးဝ၀ နာရီ ခန့်တွင် ထီးထော်ပယ် စခန်းသို့ ပြန်သွားခဲ့ပါသည်။ ပေါ်နွဲ၊ ပေါ်နွဲခီး၊ တရိပလော၊ ဒူးထောလူ ကျေးရွာ ဒေသခံများ ၏ လုပ်ငန်းခွင်ထဲသို့ လက်နက်ကြီး (၁၅)ချက် ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်ခြင်းကြောင့် လယ်မူပလောကျေးရွာ မှ မိသားစု (၅၆)စု၊ လူဦး... ...

ဆက်ဖတ်ရန်