စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
KNU General Secretary Padoh Saw Tah Doh Moo Messages to Civilian regarding Military coup (Karen Version)

ဘၣ်ထွဲ ပယီၤသုးဂုၥ်ဟံးန့ၢ် တၢ်စိတၢ်ကမီၤ ဒီး ကမျၢၢ်သ့ၣ်တဖၣ် တၢ်ပၥ်ဖျါထီဒါဝဲအဖီခိၣ် ပဒိၣ်စီၤတၢ်ဒိၣ်မူ ပၥ်ဖျါထီၣ်ဝဲ ခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ အတၢ်ထံၣ် အတၢ်ပၥ်သးဒီး အတၢ်ဆၢထၢၣ်သူလ့ၤတၢ်ကစီၣ် (၂၀၂၁ နံၣ်, လါဖ့ၤဘြူၤအါရံၤ ၁၂ သီ)Thoolei News    တနံၤညါအံၤ မ့ၢ်ဝဲကညီဒီကလုၥ်မုၢ်နံၤ ပှဲၤထီၣ် (၇၃) နံၣ်အဃိ နဲၣ်ရွဲၣ်ခိၣ်ကျၢၢ် အဲၣ်ဒိးတဲလီၤတၢ်ဆူ ပကညီဒီကလုၥ် ထံဖိကီၢ်ဖိ အိၣ်တမံၤမံၤဧါ?ပဒိၣ်စီၤတၢ်ဒိၣ်မူ-တနံၤညါအံၤ မ့ၢ်ဝဲ ပကညီဒီကလုၥ်မုၢ်နံၤန့ၣ်လီၤ. ယဆၢဂ့ၤဆၢဝါဘၣ် ကညီကလုၥ်ကိးဂၤ မ်ကအိၣ်ဆူၣ်အိၣ်ချ့, ပူၤဒုၣ်ပူၤဒါ, အီၣ်ကူအီပှဲၤ ဒီး မၤန့ၢ်အီၣ်ကဲ န့ၣ်တက့ၢ်. တနံၤအံၤ မ့ၢ်ဝဲ ပကညီဒီကလုၥ်အမုၢ်နံၤအသိး မ့ၢ်စ့ၢ်ကီးတၢ်ခွဲးတၢ်ယၥ်ဖးဒိၣ်တခါလၢ ပကဒုးဖျိးကွံၥ် သုးမီၤစိရိၤ မ့ၢ်ဂ့ၤ, မီၤစိရိ မ့ၢ်ဂ့ၤ လၢပပှၤတ၀ၢအပူၤ ဒီး ကီၢ်တဘ့ၣ်အံၤအပူၤအဂီၢ် မ့ၢ်တၢ်ခွဲးဂ့ၤယၥ်ဘၣ် အဆၢကတီၢ်တခါ န့ၣ်လီၤ. အဃိ ပကပၥ်ဖှိၣ်မၤသက... ...

ဆက်ဖတ်ရန်
သတင်းများ
ကျေးရွာနှင့်အနီးဝန်းကျင်တွင် ပစ်ခတ်သံများ ကြားနေရသောကြောင့် နောက်ထပ်ကျေးရွာ ၃ ရွာ ထွက်ပြေး တိမ်းရှောင်ရ

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် (၈း၃၀) အချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊   ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခတ်သံများ ကြားနေရ   သောကြောင့် နောက်ထပ်ကျေးရွာ ၃ ရွာဖြစ်သော ဒိုဒေါ်ခီးကျေးရွာ၊ ကော်လေဒဲကျေးရွာ နှင့် လယ်ဆူခို   ကျေးရွာမှ ရွာသူ၊ ရွာသားများ အိမ်ခြေပေါင်း ၄၇ အိမ်၊ နေရပ်စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရေးမှူး ပဒိုစောဆာဝါး မှ "အဲသတင်းကမှန်တယ်။ ကျွန်တော်ပြောခဲ့သလိုဘဲ လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ လက် နက်ဖြင့် ပြည်သူလူထုများကို တစ်လျှောက်လုံး ခြိမ်းခြောက်ပစ်ခတ်သတ်ဖြတ်နေရာတော့ ဘယ်ပြည်သူလူထုမှ ခေါင်းပြားအောင် အိပ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီတော့ အဲ့ဒီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့သော နေရာအနီးသို့ တပ်မတော်မှ ရောက်ရှိခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူများ နောက်ထပ်တစ်နေရာ ထွက်ပြေးတိမ်း ရှောင်ရပြန်

ဖေဖော်ဝါရီလ (၉) ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်၊ နေ့လည် (၁၂) နာရီခွဲအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊  ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အချိန်မှ ယခုအချိန် အထိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့သော နေရာအနီးတွင် တပ်မတော်မှ ရောက်ရှိခဲ့သောကြောင့် ပြည် သူများ နောက်ထပ် တစ်နေရာ သို့   ထွက်ပြေးတိမ်းရှောင်ရပြန်သည်။ စစ်ဘေးရှောင်ဒေသခံပြည်သူတစ်ဦးဖြစ်သူ စောထီးဖော မှ အသုံးအဆောင်အတွက် ပြုလုပ်ရန် လိုအပ်သော ကြိမ်နှင့် စားစရာများကို ထွက်ပြေးတိမ်းရှောင်ခဲ့သည့် နေရာ၏အနီးတစ်ဝိုက်တွင် ရှာထွက်ရာ တပ်မတော် နှင့် ထိပ်တိုက်တွေ့ဆုံပြီး တပ်မတော်မှ ၎င်းအားပစ်ခတ်သောကြောင့် ထွက်ပြေးလွှတ်မြောက်ခဲ့သည်။ တစ်ချိန် တည်းမှာပင် တပ်မတော်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဃဲဒဲကျေးရွာရှိ နေအိမ်များအတွင်းသို့ ဝင်ရောက်  မွှေနှောက်ခဲ့သည်... ...

ဆက်ဖတ်ရန်
သတင်းများ
(၇၄) နှစ်မြောက် KNU- ကရင်အမျိုးသားအစည်းအရုံးနေ့ ကို ဘားအံခရိုင် (လေးဝါး) တွင်ကျင်းပ

ယနေ့ ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နေ့ အခမ်းအနားကို ဘားအံခရိုင် (လေးဝါး) ခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို ကေအဲန်ယူ-အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကေအဲန်ယူ- ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ (၇၄)နှစ်မြောက် KNU Day ကို  ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး နှင့် ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး တို့မှ ဂုဏ်ပြုတိုက်တွန်းစကားပြောကြားခဲ့သည်။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူထူးစေးဖိုး ၏ (၇၄) နှစ်မြောက် KNU- ကရင်အမျိုးသားအစည်းအရုံးနေ့ သို့ပေးပို့သောသဝဏ်လွှာအား ဗဟိုအမြဲတမ်းကော်မတီ ပဒိုမန်းဘထွန်း မှ ဖတ်ကြားခဲ့ပြီး ကရင်အမျိုးသမီးအစည်းအရုံး၏ ပေးပို့လာသောသဝဏ်လွှာကို နော်နိုရီး မှ ဖတ်... ...

ဆက်ဖတ်ရန်
သတင်းများ
ထီးမူးခီးရွာဟောင်းနေရာ၌ ထီးမူးခီးရွာသားများ ပထမဆုံးအကြိမ် ဆုတောင်းပွဲပြုလုပ်

၃၀ ဇန်နဝါရီ ၂၀၂၁ခုနှစ် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် လူသောမြို့နယ် စောမူပလောကျေးရွာအုပ်စု ထီးမူးခီးရွာ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဌာနေတိုင်းရင်းသား ပြည်သူလူထုများ စုစည်းကြ၍ မိမိတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်အညီ ဆုတောင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ ဆုတောင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့ဒေသအတွင်းရှိ မြန်မာတပ်စခန်းများ ပြန်လည်ရုတ်သိမ်းစေရန် အတွက်ဖြစ်သည်။ ဤအစီအစဥ်ကို ကျေးရွာ လူကြီးများနှင့် ကျေးရွာသူ ကျေးရွာသားများမှ ဆွေးနွေးတိုင်ပင်ကြ၍ စီစဥ်ပြုလုပ်ခြင်းဖြစ်ပြီး ထီးမူးခီးရွာဟောင်းတည်ရှိရာနေရာ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ လူဦးရေ ၇၀ ခန့် ဆုတောင်းပွဲကို တက်ရောက်ခဲ့ပါသည်။ ( ကျွန်တော်တို့ဒေသအတွင်းရှိ မြန်မာစစ်တပ်များ ပြန်လည်ထွက်ခွာပြီး ကျွန်တော်တို့သည် ကိုယ့်နေရာသို့ ကိုယ်ပြန်လည်နေထိုင်နိုင်ရန် ၊ လွတ်လပ်စွာလ... ...

ဆက်ဖတ်ရန်
သတင်းများ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရန် ဒေသခံကရင်လူထု (၂၀၀၀) ဦးကျော်မှ ဆန္ဒထုတ်ဖော်မှုပြုလုပ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်။ သထုံခရိုင်ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်း ကျေးရွာအုပ်စု၊ ကြက်သောင်းဆိပ်ကျေးရွာအုပ်စု၊ ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စုတို့မှ ကျေးရွာပေါင်း (၁၂)ရွာမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရန် ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ဒေသခံကရင်လူထု (၂၀၀၀)ဦးကျော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုပါဆန္ဒထုတ်ဖော်ရာတွင် (၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (၂) နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးဆောင် ရွက်ရေး၊ (၃) ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများ အလိုမရှိ၊ (၄) ကျေးရွာအတွင်း တပ်စွဲထားသည့် တပ်စခန်းများအား အလိုမရှိ၊ (၅) အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ဖြေရှင်း... ...

ဆက်ဖတ်ရန်