စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
မြန်မာစစ်တပ်၏ထိုးစစ်ဆင်မှုကြောင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ပြီး ပြည်သူလူထု လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရ

၂၆ ဇန်နဝါရီ ၂၀၂၁ ခုနှစ်ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြာ်ခရိုင်၏ ထိန်းချုပ်နယ်မြေအတွင်းသို့ မြန်မာစစ်တပ်မှ ထိုးစစ်ဆင်လှုပ်ရှားမှုများပြုလုပ်လာသောကြောင့် ကေအဲန်ယူ - တပ်မဟာ ၅ ၏ နယ်မြေကာကွယ်ရေးတပ်များနှင့်ထိတွေကာ ပစ်ခတ်တိုက်မှုများဖြစ်ပေါ်၍ ကေအဲန်ယူ - မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅ အုပ်စုမှ ကျေးရွာပေါင်း ၁၇ ရွာ ၊ အိမ်ခြေပေါင်း ၇၀၀ နှင့် လူဦးရေပေါင်း ၄၁၃၁ ယောက်တို့သည် ကျေးရွာ နှင့် နေအိမ်တို့ကို စွန့်ခွာ၍ အသက်ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။ဤသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နောက်ဆုံးထား၍ ကောက်ခံရရှိသောစာရင်းဖြစ်သည်။ဤထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူလူထုများသည် ကလေးသူငယ် ၊ မိန်းမသားများ နှင့် သက်ကြီးရွယ်များပါဝင်ပြီး ဆိုးရွားသော ရာသီဥတု၏ ဒဏ်ကို ခံစားခဲ့ရသည်သာမက အစာရေစာ အခက်အခဲ ပြသနာများနှင့်လဲ ရင်ဆိုင်ခဲ့ရပါသည်။အချို့သောသူတို့သည် ရွာနှင်... ...

ဆက်ဖတ်ရန်
သတင်းများ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရန်အတွက် ကေအန်ယူ - သထုံခရိုင် ဘီးလင်းမြို့နယ်မှ ဒေသခံပြည်သူလူထုများ ဆန္ဒဖော်ထုတ်

၂၄ ဇန်နဝါရီ ၂၀၂၁တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အတွက် ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင် ဘီးလင်းမြို့နယ်မှ မြစ်ကျိုးကျေးရွာအုပ်စု၊ တာအုခီးကျေးရွာအုပ်စု နှင့် ကြိုးဝိုင်းကျေးရွာအုပ်စုများအတွင်းရှိ ဒေသံပြည်သူလူထုများသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လူဦးရေ တစ်ထောင်ကျော်ခန့်ဆန္ဒထုတ်ဖော်ထုတ်မှုပြုလုပ်ခဲ့ကြပါသည်။ ဆန္ဒဖော်ထုတ်သော ဒေသခံပြည်သူလူထုတို့၏ ကြွေးကြော်သံ များမှာ -(1) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ အချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး(2) နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာဆောက်ရွက်ရေး(3) ဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများ အလိုမရှိ(4) ကျေးရွာအတွင်းတပ်စွဲထားသည့်တပ်စခန်းများ အလိုမရှိ(5) အောက်ခြေတွင်ဖြစ်... ...

ဆက်ဖတ်ရန်
သတင်းများ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံတိုင်းရင်းသားများအတွက် ထောက်ပံ့ပစ္စည်း ပေးအပ်လှူဒါန်းပေးခြင်း

ဇန်နဝါရီလ (၂၀) ရက်၊ ၂၀၂၁ ခုနှစ်၊ သူးလေသတင်းစဉ်ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးမှ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဗမာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကားပစ်ခတ်မှုကြောင့် စိုးရိမ်ကြောက်ကြပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူလူထုများအတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ယနေ့ နေ့လည် (၁၂) နာရီအချိန်၌ ကျောက်ကြီးမြို့ ဆက်ဆံရေးရုံးတွင် ကရင်ဒေသခံလူမှုရေးရာကော်မတီသို့ တိုက်ရိုက်ပေးအပ်ခဲ့သည်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "ဒီကိစ္စနှင့်ပတ်သက်ပြီး ဆက်ဆံရေးရုံးက အသိပေးပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမှ စစ်ဘေးရှောင်ပြည်သူလူထုကို ကူညီမယ်လို့ပြောပါတယ်။ ဒီကိစ္စအပေါ်မှာ ထွေထွေထူးထူးပြောစရာမရှိဘူး။ ဒါကစစ်ဘေးရှောင်။ သဘာဝဘေးတော့ မဟုတ်ဘူး။ လူလုပ်တဲ့ဘေး။ လူဆိုတော့ ခြ... ...

ဆက်ဖတ်ရန်
သတင်းများ
တပ်မတော်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦးသေဆုံး

ဇန်နဝါရီလ (၁၉) ရက်၊ ၂၀၂၁ခုနှစ်၊ သူးလေသတင်းစဉ်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်၊ နံနက်(၇◌း၀၀) အချိန်တွင် တပ်မဟာ (၃) နှင့် တပ်မဟာ (၅) ကြားရှိ လားလာ (နယ်ကြား) စခန်း ပတ်ဝန်းကျင်တွင် တပ်မတော်မှ ရမ်းသန်း ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးသွားပြီး ဤသေဆုံးသွားသူ အရပ်သား နှစ်ဦး၏ အမည်မှာ ဦးတာ အသက်(၅၇)နှစ် နှင့် ဂျီဖိုး အသက် (၄၂) နှစ် တို့ဖြစ်သည်ဟု သိရသည်။ဤဖြစ်ရပ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)၊ အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "တပ်ရင်းမှူးအဆင့်ရှိ ရှမ်းလေး (ခမရ ၅၇) သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် မူသယ်ကျေးရွာတာဝန်ရှိသူများဖြစ်ကြတဲ့ စောစေးခေသော၊ စောခင်သန်းမူး၊ စောဂေနေမူးနှင့် စောဖားနေတို့ ကို ခေါ်ယူတွေ့ဆုံပြီးတော့ ရွာပြင်ကို ကိုက် (၅၀) ကျော်ထက်လွန်ပြီးတော့ မသွားရဘူတဲ့ သွားရင်သူတို့ လုံခြုံရေးအတွက် ပစ်ခတ်ရမယ်လို... ...

ဆက်ဖတ်ရန်
သတင်းများ
မြန်မာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းကား ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိ

 ၂၀၂၁ခုနှစ်၊ဇန်နဝါရီလ (၁၉)ရက်၊ သူးလေသတင်းစဉ်၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်၊ နံနက် (၉◌း၂၅) အချိန်တွင် ပကော်ခီးကျေးရွာသား စောလယ်ဘောသည် ရွှေ့ပြောင်းနေရာမှ ၎င်း၏ နေအိမ်သို့   အိမ်မွေးတိရိစာ္ဆန်များကို အစာကျွေးရန် ပြန်ရောက်ရှိစဉ် တပ်မတော်မှ ဗိုလ်မှူး မောင်မောင်ဆန်း ဦးဆောင်သော တပ်ရင်း ခမရ (၆၀၃)၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကျေးရွာအတွင်းသို့ ရမ်းကား ပစ်ခတ်မှုကြောင့် ၎င်း၏ ပေါင်နှစ်ဖက်နှင့် ဦးခေါင်းကို ထိခိုက်ခဲ့သည်။ ယခု၎င်း၏ လက်ရှိအ ခြေအနေမှာစိုးရိမ်ရပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်(လယ်ဒိုကော်ဆာ)၊ တာဝန်ရှိသူများမှ  ၎င်းအား ဆေးဝါးကုသပေးရန်ုအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ (လယ်ဒိုကော်ဆာ) အတွင်းရေးမှူး ပဒိုစောဆာဝါးမှ "အစိုးရက တပ်မတော်ကို  ယခုကဲ့သို့ NCA ကို လာရောက်ပြီး အထပ်ထပ်ချိုး... ...

ဆက်ဖတ်ရန်