စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
သစ်တောကာကွယ်ထိန်းရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရန် ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေး

သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် KNU-ကရင်အမျိုးသားအစည်းအရုံး (ဗဟို)သစ်တောဌာန ဦးဆောင်ပြီးအခြားသော ကရင်လက်နက်ကိုင် ၃ ဖွဲ့တို့ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပိုင်ကျုံမြို့နယ် ကွီးကျယ်ကျေးရွာအနီးတွင် ပြုလုပ်ခဲ့သည်။KNU -ကရင်အမျိုးသားအစည်းအရုံး (ဗဟို)သစ်တောဌာနနှင့် ဖားအံခရိုင်တာဝန်ရှိသူများ၊ နယ်ခြားစောင့်တပ် -BGF တာ ဝန်ရှိတပ်မှူးများ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA(PC)တာဝန်ရှိသူများပါဝင်သည့် အဆိုပါတွေ့ဆုံဆွေးနွေးမှုပြုလုပ် ရခြင်းနှင့်ပတ်သက်၍ အဓိကရည်ရွယ်ချက်က သစ်တောကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက်ရည်ရွယ်သည်၊၊တစ်ရက်တာပြုလုပ်သည့် ကရင်လက်နက်ကိုင် ၃ ဖွဲ့တွေ့ဆုံဆွေးနွေးမှုတွင် KNU (ဗဟို)သစ်တောဌာနမှ အကောင်အထည် ဖော်လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ မ... ...

ဆက်ဖတ်ရန်
သတင်းများ
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ - ၂၀၁၉

(၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ကို KWO (Karen Women Organization) မှ ဦးဆောင်ပြီး ထိုင်းမြန်မာနယ်စပ်ရှိ TPC (Teacher Preparation Course) ခန်းမတွင် မတ်လ (၈) ရက်နေ့က ကျင်းပခဲ့သည်။ International Women's Day ဖြစ်ပေါ်လာရခြင်း အကြာင်းကို KWO တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ နော်အယ်တမွီဖော ကရှင်းလင်းပြော ကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများလှုပ်ရှားမှု အဆင့်ဆင့်ကို KHRG မှဆရာမနော်ထူးထူးမှ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လူငယ်အခန်း ကဏ္ဍာနှင့် ပတ်သက်ပြီး KSNG ဥက္ကဌ စောစေးမူး မှ တိုက်တွန်း အားပေးစကားပြောကြားသည်။ အခမ်းအနား ကို KWO, KSNG, KHRG, KED, DOI နှင့် အခြားသောကရင်လူမှုအဖွဲ့အစည်းများ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့သည်။ အစီအစဉ်မရုပ်သိမ်းမှီ မေးမြန်းခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့သည်။ ပြီးနောက် ကျေးဇူးတင် စကားကို KWO ကိုယ်စားလှယ်မှ ပြောကြားပြီး အခမ်းအနားရုပ်သိမ်းခြင်းအစီအစဉ်ကိ... ...

ဆက်ဖတ်ရန်
သတင်းများ
PLRI မှစီစဉ်သော Myanmar Peace Process: Its Challenges and Possible Way Forward ဆွေးနွေးပွဲကို KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ တက်ရောက်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သပြေပညာရေးဖောင်ဒေးရှင်း၏ အစီစဉ်တစ်ခုဖြစ်သည့် Peace Leadership & Research Institute – PLRI မှစီစဉ်သော Myanmar Peace Process: Its Challenges and Possible Way Forward ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြလုပ်ခဲ့ရာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း မှ တက်ရောက်ခဲ့ပြီး ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ပဒိုကွယ်ထူးဝင်းမှ KNU-ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တက်တက် ကြွကြွ ပါဝင်လျက်ရှိပြီး NCA ရရှိရေးအတွက် အဆင့်ဆင့်ကြိုးပမ်းလာခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး အခက်အခဲများစွာ ရှိကြောင်းနှင့် လျှောက်လှမ်းနေသော NCA လမ်းကြောင်းမှာ ကျနော်တို့ အားလုံးလိုချင်သော တည်ဆောက်ချင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ရှုထားသော်လည်း လက်တွေ့ အကောင်အထည် ဖော... ...

ဆက်ဖတ်ရန်
သတင်းများ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အစည်းအဝေး တားမြစ် ခြင်းခံရသည်နှင့်စပ်လျဉ်း၍ KNU အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးကို မေးမြန်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အစည်းအဝေး တားမြစ် ခြင်းခံရသည်နှင့်စပ်လျဉ်း၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးကို မေးမြန်းထားပါတယ်။မေး -- PPCM နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ချင်းမိုင်မှာ ပြုလုပ်မယ့်အစည်းအဝေးကို တပ်မတော် ဘက်က တားမြစ်တယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်လိုပုံစံမျိုးနဲ့ ဘာကြောင့် တားမြစ်လဲ ဆိုတာလေး ပြောပြပေးပါ။ဖြေ -- ဟုတ်ပါတယ်။ ဒီအစည်းအဝေးမှာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါမှာမို့ တဘက် ကကန့်ကွက်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကခွင့်မပေးနိုင်တဲ့အကြောင်း ကျွန်တော်တို့ကို ရုံးအဖွဲ့ကနေပြီး လာပြောလို့ အစည်းအဝေးကို မကျင်းပဖြစ်တော့တာ ဖြစ် ပါတယ်။ ကျွန်တော်တို့အဲလိုပဲ သိရပေမယ့် နောက်ပိုင်း Social Media မှာ ပြန့်နေတဲ့ ဘန်ကောက်က မြန်မာစစ်သံမှူး လက်မှတ်ထိုးထားတဲ့စာအရဆိုရင်တော့ KIO နဲ့ KNPP တို့လည်း ကျွန်တော်တို့ NC... ...

ဆက်ဖတ်ရန်