ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း တစ်ရက်တည်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ (၈) ဦး သေဆုံးကာ (၂၄) ဦးထိခိုက်ဒါဏ်ရာရရှိနို၀င်ဘာလ (၂၄) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုး မြို့နယ် လားတကောတောင်ပိုင်းဒေသအတွင်း ၂၀၂၂ ခုနှစ် နို၀င်ဘာလ ၂၂ ရက်နေ့ နံနက် (၈း၀၀) အချိန်တွင် ကရင်အမျိုးအသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ဖွဲ့ ၀င်များ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်မ (၁၁) လက်အောက်ခံ ခမရ-၂၁၅ တို့ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ (၃) ဦးသေဆုံးကာ (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၂၇)၊ တ... ...
နိုဝင်ဘာလ (၁၉) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ် တပ်ရင်း (၉)၊ ဆောထိ (ရွှေကျင်) မြို့နယ် တပ်ရင်း (၇) နယ်မြေးအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇)၊ တပ်ရင်း (၉)၊ KNDO တပ်ရင်း (၃) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကွပ်ကဲမှုအောက်ရှိ Federal Wings Drone တပ်ဖွဲ့ဝင်များတို့ပူးပေါင်းပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်း (၃) လုံးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ တိုက်ပွဲနှင့်မသက်ဆိုင်သော လယ်ဒို (ကျောက်ကြီး) မြို့နယ် အတွင်း နံနက် (၇း၄၀) အချိန်တွင် ဘောကထာကျေးရွာအတွင်းသို့ လေကြောင်းဖြင့် (၂) ကြိမ်၊ နံနက် (၉း၃၀) အချိန်တွင် ကောသာစေးကျေးရွာအတွင်းသို့ လေကြောင်းဖြင့် (၃) ကြိမ်၊... ...
နိုဝင်ဘာလ (၁၄) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်း (၇) နှင့် တပ်ရင်း (၉) တို့ပူးပေါင်းပြီး တပ်ရင်း (၇) နယ်မြေအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ သံဆိပ်စခန်း၊ တပ်ရင်း (၉) နယ်မြေ အတွင်းရှိ ဘောကထာ နှင့် တုံးတံတာစခန်းတို့အား တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား နိုဝင်ဘာလ (၁၂) ရက် ၂၀၂၂ ခုနှစ် နံနက် (၄) နာရီ အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး နံနက် (၁၁း၃၀) အချိန်တွင် ထိုစခန်းသုံးလုံးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ သံဆိပ်စခန်း နှင့် ဘောကထာစခန်းတို့အား ကရင်အမျိုးသား... ...
၂၀၂၂ နံၣ်, လါနိၣ်ဝ့ဘၢၣ် ၉ သီ ခ့ၣ်အဲၣ်ယူၣ်-လီၢ်ခၢၣ်သးခ့ၣ်အဲၣ်ယူၣ်-ကညီဒီကလုၥ်စၢဖှိၣ်ကရၢ ကီၢ်သူလ့ၤတၢ်ပၢ မုၢ်တြီၢ်ကီၢ်ရ့ၣ် လူၤသီကီၢ်ဆၣ် စီၤမုၢ်ပျီကရူၢ် ဟီၣ်ကဝီၤပူၤ ဖဲ ၂၀၂၂ နံၣ် လါနိၣ်ဝ့ဘၢၣ်ထီၣ် (၉) သီဂီၤခီ (၁) နၣ်ရံၣ်ဘျဲၣ် အဆၢကတီၢ် သုးမီၤစိရိၤအသုး ကဘီယူၤဟဲခးလီၤတၢ်လၢ တၤဘီကီၥ်ဒၢသဝီ ဒီး ဘၣ်ဟးဂီၤဝဲ တၤဘီကီၥ်ဒၢ ခရံၥ်ဖိတၢ်ဘါယွၤသရိၥ် တဖျၢၣ် ဒီး ကမျၢၢ်တီၤဖုၣ်ကၠိတဖျၢၣ် န့ၣ်လီၤ. ကမျၢၢ်ဖိအဟံၣ် လၢအိၣ်ဘူးဒီး ကၠိဘါယွၤသရိၥ်တဖၣ် သုးမီၤစိရိၤအကဘီယူၤ ဟဲခးလီၤတၢ်ဘျီဝဲအံၤ ဘၣ်ဟးဂီၤဃုၥ်စ့ၢ်ကီးဝဲတနီၤ ဒီး ပဃုသ့ၣ်ညါမၤလီၤတံၢ် တၢ်ဂ့ၢ်တကျိၤ အဖၢမုၢ်န့ၣ်လီၤ. ...
နိုဝင်ဘာလ(၇)ရက်၊၂၀၂၂ခုနှစ်၊ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ တစ်လလုံး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ နေ့စဉ်နေ့တိုင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီးတိုက်ပွဲငယ်များ နေစဉ်နေ့တိုင်း ဖြစ်ပွားလျက်ရှိသည်။ အောက်တိုဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း (၂၈၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ (၃၆၉) ဦး သေဆုံးကာ (၃၀၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်မှ တိုင်ပြည်နှင့်လူမျိုးအတွက် (၆) ဦးအသက်စွန့်ခဲ့ရပြီး (၄၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။အာဏာသိမ်းအကြမ်းဖက်စစ်... ...
နိုဝင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ နေ့စဉ်နေ့တိုင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီးတိုက်ပွဲငယ်များ နေ့တိုင်း ဖြစ်ပွားလျက် ရှိသည်။ တိုက်ပွဲဖြစ်ပေါ်လာသည့်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်များမှ တိုက်ပွဲနှင့် မသက်ဆိုင်သော အရပ်သား ပြည်သူများနေထိုင်သော ကျေးရွာများ၊ လုပ်ငန်းခွင်းများအတွင်းသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိဖြစ် ပစ်ခတ်လျက်ပြီး လေကြောင်းမှလည်း တိုက်လေယာဉ်များ၊ တိုက်ခိုက်ခိုက်ရေးသုံးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူ များအား ပစ်မှတ်ထားကား လေကြောင်းမှ တိုက်ခိုက်မှုမ... ...