စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

သတင်းများ

သတင်းများ
အာဏာသိမ်းစစ်အုပ်စုနှင့် KNLA တပ်တို့ ဝေါမာကျေးရွာတွင် တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ဒူးပလာယာကေအဲန်ယူ- ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ် ဝေါမာကျေးရွာ တံတားဦးတွင် KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂) နှင့် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ခမရ(၄၃၂) တို့ စက်တင်ဘာလ(၂၂)ရက်နေ့ နေ့လည် (၁၁)နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ဗိုလ်မှူးအောင်နိုင်လင်း ဦးဆောင်သည့် ခမရ (၄၃၂) တပ်ရင်းက အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အစုံ ယူလာကာ နို့တကောမြို့နယ် ဝေါမာ (အလယ်ရွာ)ကျေးရွာ တံတားဦးတွင် KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။"အာဏာသိမ်းစစ်အုပ်စုက ကျတော်တို့ ထိန်းချုပ်နယ်မြေဖြစ်သည့် ဘုရားငုတ္တိုကျေးရွာမှာ အခြေချဖို့၊ နယ်ချဲ့ဖို့ အတွက် ကျတော်တို့ဆီကို (၂)ကြိမ် တောင်းဆိုလာခဲ့တယ်။ ကျနော်တို့က သူတို့ကို လက်မခံဘူး။ အဲ့အတွက်ကြောင့် အာဏာသိမ်းစစ်အုပ်စုဘက်က ယနေ့တွင် အင်အား(၇၀)ခန့်နှင့် လက်နက်အပြည့်အ... ...

ဆက်ဖတ်ရန်
သတင်းများ
သံဘို-မူသယ် ကားလမ်းပေါ်တွင် တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်/ ကေအဲန်ယူ-ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်-တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်၊ တပ်ရင်း(၉) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ် ခလရ-၆၀ သည် သံဘိုစခန်းမှ ထွက်လာ ပြီး မူသယ်ကားလမ်းပေါ်သို့ တက်လာချိန် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် ၅း၀၀ နာရီ ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, တပ်ရင်း(၉) နှင့် ကျောက်ကြီး နယ်မြေ သံဘိုကျေးရွာ အနီးတွင် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ မွန်းတည့် ၁၂း၀၀ နာရီ ခန့်တွင် လည်း ဆောမီးလူ တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ် ဘက်မှ (၂၀) ဦး ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသည်။ ညောင်လေးပင်ခရိုင်-တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ်၊ တပ်ရင်း(၉) နယ်မြေတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ သံဘို-မူသယ် ကားလမ်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ပြန်လည် ဖောက်လုပ်ခဲ့ပြီး နောက်ပ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်း စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့အား KNLA မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီမှ ၃ ဦးသေ၊ စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၊ ဒေသခံကျွဲ ၄ ကောင်သေဆုံး

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁၊ သထုံခရိုင် ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက် ခံ စကခ (၈) နှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို KNLA ကရင်အမျိုးသား လွတ်လပ်ရေး တပ်မတော် (KNLA) မှမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီမှ ၃ ဦးသေဆုံးခဲ့သည်။ မနေ့က ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်ကျေးရွာ BGF စခန်းနှင့် စကခ (၈) ပိန္နဲတော စခန်းအကြား လှုပ်ရှားနေသော အာဏာသိမ်းစစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနမှပြောသည်။   KNLA ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပဲ အာဏာသိမ်း စစ်ကောင်စီ စကခ (၈) ပိန္နဲတောစခန်းမှ နံနက် ၇ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အီဟယ်ရွာလေးကျေးရွာတွင် နေထိုင်သူ စော... ...

ဆက်ဖတ်ရန်
သတင်းများ
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၁) နဲ့ အာဏာသိမ်းစစ်ကောင်စီကြား ရက် ၂၀ အတွင်း တိုက်ပွဲသတင်း

၂၀/၉/၂၀၂၁ ကေအဲန်ယူ-ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီ နှင့် KNDO တပ်ရင်း(၁)တို့အကြားတိုက်ပွဲဲပေါင်း (၄၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ (၃၅)ဦးသေဆုံးကာ (၅၁)ဦး ဒဏ်ရာရခဲ့ပါသည်။သံလွင်မြစ်ကမ်းနား ရှိအာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီးကပြောပါသည်။ KNDO တပ်ရင်း (၁)သည် နယ်မြေအတွင်းရှိမိဘပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ် ကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များမှ တပ်ချိန်းရာတွင် လူသားဒိုင်းအဖြစ် ကျေးရွာခေါင်းဆောင်များကို ခေါ်ဆောင်သွား

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅၊ သထုံခရိုင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ(၂) ကြသောင်းဆိပ် စခန်း သို့ တပ်ချိန်းရန်နှင့်ရိက္ခာပို့ရန် စက်တင်ဘာ လ(၁၄)ရက်နေ့က မြစ်ကျိုးကျေးရွာတွင် ထော်လာဂျီ (၅)စီး(ယာဉ်မောင်းအပါအဝင်)နှင့် ကျေးရွာ ခေါင်းဆောင်ရပ်မိရပ်ဖ (၆)ဦးကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည်။"ထော်လာဂျီ(၅)စီးကို ရိက္ခာတင်ဖို့အတွက်ခေါ်သွားတယ်၊ ဆန်အိတ်(၁၆၆)အိတ်တင်သွားတယ်၊ ပိုက်ဆံမပေးဘူး၊ မြစ်ကျိုးရွာက ရပ်မိရပ်ဖ(၆)ယောက်ကိုလည်း သူတို့လုံခြုံရေးအတွက်ခေါ်သွားတယ်"ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူမှပြောသည်။၂၀၂၁ ခုနှစ်၊ သြဂုတ်လ၁၁ရက် နေ့ကလည်း အကြမ်းဖက်စစ်အုပ်စု (ခမရ-၄၀၆) နှင့် BGF-၁၀၁၃ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ်(၃)လုံးပေါ်သို့ တက်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ... ...

ဆက်ဖတ်ရန်
သတင်းများ
အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်၊ ဒေသခံများ ထိတ်လန့်နေ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄၊ သထုံခရိုင် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးနယ်အုပ်စု၊ လေးကေကျေးရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီနှင့်လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့ တို့မှ (လေးကေနှင့် မြစ်ကျိုးကျေးရွာအကြား) တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံလူထုမှာ ထိတ်လန့်ကြောက်ရွံနေကြကြောင်း ကေအဲန်ယူ-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းပေးပို့သည်။ "လေးကေစခန်းကအဖွဲ့က ကြသောင်းဆိပ် BGF စခန်းနဲ့တပ်ချိန်းဖို့ စက်တင်ဘာ (၁၂) ရက်နေ့မနက် ၉ နာရီမှာ လေးကေစခန်းကစထွက်တယ် နေ့လည် ၁၂ နာရီ ၂၆ မိနစ်က လေးကေနဲ့ မြစ်ကျိုးရွာကြားမှာ လမ်းကြောင်းရှင်းတဲ့အနေနဲ့ 79 လောင်ချာ (၃) ချက်နဲ့သေနတ်ပစ်ဖောက်တာတွေရှိတယ် "ဟု ဘီးလင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။ တပ်ချိန်းရာတွင် စားနပ်ရိက္ခာတင်ဆောင်ရန် အရပ်သားကား (၃) စီးကိုလည်း အတင်းအဓမ္မယူတောင်းယူကာ က... ...

ဆက်ဖတ်ရန်