၂၀/၉/၂၀၂၁ ကေအဲန်ယူ-ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီ နှင့် KNDO တပ်ရင်း(၁)တို့အကြားတိုက်ပွဲဲပေါင်း (၄၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဖက်မှ (၃၅)ဦးသေဆုံးကာ (၅၁)ဦး ဒဏ်ရာရခဲ့ပါသည်။သံလွင်မြစ်ကမ်းနား ရှိအာဏာသိမ်းစစ်ကောင်စီ ၏ တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့မှတိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ကျရှုံးသွားသော တပ်စခန်းများကို စစ်ကောင်စီဖက်မှပြန်လည် တိုက်ယူရန် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDO ဒု-စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီးကပြောပါသည်။ KNDO တပ်ရင်း (၁)သည် နယ်မြေအတွင်းရှိမိဘပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ် ကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅၊ သထုံခရိုင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF-၁၀၁၃၊ တပ်ခွဲ(၂) ကြသောင်းဆိပ် စခန်း သို့ တပ်ချိန်းရန်နှင့်ရိက္ခာပို့ရန် စက်တင်ဘာ လ(၁၄)ရက်နေ့က မြစ်ကျိုးကျေးရွာတွင် ထော်လာဂျီ (၅)စီး(ယာဉ်မောင်းအပါအဝင်)နှင့် ကျေးရွာ ခေါင်းဆောင်ရပ်မိရပ်ဖ (၆)ဦးကိုလည်း လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်သွားသည်။"ထော်လာဂျီ(၅)စီးကို ရိက္ခာတင်ဖို့အတွက်ခေါ်သွားတယ်၊ ဆန်အိတ်(၁၆၆)အိတ်တင်သွားတယ်၊ ပိုက်ဆံမပေးဘူး၊ မြစ်ကျိုးရွာက ရပ်မိရပ်ဖ(၆)ယောက်ကိုလည်း သူတို့လုံခြုံရေးအတွက်ခေါ်သွားတယ်"ဟု ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူမှပြောသည်။၂၀၂၁ ခုနှစ်၊ သြဂုတ်လ၁၁ရက် နေ့ကလည်း အကြမ်းဖက်စစ်အုပ်စု (ခမရ-၄၀၆) နှင့် BGF-၁၀၁၃ ပူးပေါင်းတပ်ဖွဲ့မှ ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာအတွင်းဝင်ရောက်ကာ လူနေအိမ်(၃)လုံးပေါ်သို့ တက်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို အဓမ္မယူဆောင်သွားခဲ... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄၊ သထုံခရိုင် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးနယ်အုပ်စု၊ လေးကေကျေးရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီနှင့်လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့ တို့မှ (လေးကေနှင့် မြစ်ကျိုးကျေးရွာအကြား) တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံလူထုမှာ ထိတ်လန့်ကြောက်ရွံနေကြကြောင်း ကေအဲန်ယူ-ဘီးလင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းပေးပို့သည်။ "လေးကေစခန်းကအဖွဲ့က ကြသောင်းဆိပ် BGF စခန်းနဲ့တပ်ချိန်းဖို့ စက်တင်ဘာ (၁၂) ရက်နေ့မနက် ၉ နာရီမှာ လေးကေစခန်းကစထွက်တယ် နေ့လည် ၁၂ နာရီ ၂၆ မိနစ်က လေးကေနဲ့ မြစ်ကျိုးရွာကြားမှာ လမ်းကြောင်းရှင်းတဲ့အနေနဲ့ 79 လောင်ချာ (၃) ချက်နဲ့သေနတ်ပစ်ဖောက်တာတွေရှိတယ် "ဟု ဘီးလင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။ တပ်ချိန်းရာတွင် စားနပ်ရိက္ခာတင်ဆောင်ရန် အရပ်သားကား (၃) စီးကိုလည်း အတင်းအဓမ္မယူတောင်းယူကာ က... ...
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်၊ သထုံခရိုင် လေးကေကျေးရွာ အလယ်၌ စခန်းချတပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF (၁၀၁၄) နှင့် ခမရ (၄၀၆) ပူးပေါင်းတပ်ဖွဲ့သည် ၎င်းတို့၏တပ်စခန်းအား ပြုပြင်ရန်အတွက် သစ်နှင့်ဝါးများ ခုတ်ပေးရန် လေးကေကျေးရွာ ရွာသားများအား အဓမ္မခိုင်းစေခဲ့ကြောင်း ကေအဲန်ယူ-ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနမှပြောသည်။ တပ်စခန်းပြုပြင်ရန်အတွက် စက်တင်ဘာလ (၆) ရက်နေ့က လေးကေကျေးရွာတွင် ရွာသူရွာသားများအား တစ်အိမ်လျှင် သစ် (၂) ချောင်းနှင့် ဝါး (၁၀) ချောင်း ခုတ်၍ စခန်းသို့ ပို့ပေးရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။ "လွန်ခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က တစ်ခါခုတ်ခိုင်းတယ် အရှည် (၅) တောင်ရှိတဲ့သစ် (၂) ချောင်းနဲ့ အရှည်ဆယ်တောင်ရှိတဲ့ဝါး (၁၀) ချောင်း၊ စခန်းပြင်ဖို့လို့ပြောတယ် ပိုက်ဆံမပေးဘူး အဓမ္မခိုင်းတာပေါ့၊ အဲ့တုန်းကတော့ လေးကေရွာနဲ့ ကျောက်ဖျာရွာ (၂) ရွာပေါ့နော်"ဟု ဘီးလင်းမြို့နယ် သတင်းတာဝန်ခံမှပြောသည်... ...
စက်တင်ဘာ (၁၁) ရက် ၊ ၂၀၂၁ ခုနှစ် ။စက်တင်ဘာလ (၁၁) ရက် နေ့လည် (၁းဝ၀) နာရီအချိန်တွင် ညောင်လေးပင်ခရိုင် ၊ မူး (မုန်း) မြို့နယ်တွင် ရွားသား (၃) ဦးကို အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီအုပ်စုမှ ဝင်ဖမ်းစီး နေသည်ကို သိရပါသည်။ဖမ်းစီးထားသောရွာသား (၃)ဦး အမည်မှာ ငဇော် ၊ ရှဲနို နှင့် ဖိုးချဲ တို့ဖြစ်ပါသည်။ စက်တင်ဘာ(၁၀) ရက် ညနေ(၄းဝ၀)နာရီအချိန်တွင်လည်း မူး(မုန်း)မြို့နယ် ညောင်ပင်သာရွာသား စိုးအောင်ကို အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအုပ်စုမှ ဖမ်းစီးပြီး ကျေးရွာလူကြီး ထောက်ခံမှုကြောင့် ညနေ (၆းဝ၀) နာရီအချိန်တွင် ပြန်လွတ်ပေးနေသည်ကို သတင်းရရှိခဲ့ပါသည်။စက်တင်ဘာ (၁၁) ရက် နံနက် (၀၉းဝ၀) နာရီအချိန်တွင် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအုပ်စု လမ်းကင်းနှင့် စစ်တပ်လှုံခြုံရေးများ ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ် ဘောကထာ တံတားအပေါ် ချထားပါသည်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအုပ်စု ခလရ (၃၀) အင်အား (၇) ဦး ဘောကထာ တံတားအပေါ်တွင် လမ်းက... ...
၉ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄း၀၀ နာရီခန့်အချိန်တွင် ကေအဲန်ယူ - တပ်မဟာ ၃ မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း ၃ တပ်ဖွဲ့ နှင့် ကေအဲန်ယူ - တပ်မဟာ ၅ မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ တပ်ဖွဲ့များပူးပေါင်း၍ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တပ်မဟာ ၃ နှင့် တပ်မ ဟာ ၅ အကြားရှိ ကဘောတူ အရပ်ဒေသမှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို တိုက်ခိုက်သိမ်းယူလိုက်ပါသည်။ထို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို KNU - KNLA နှင့် KNDO တို့မှတိုက်ခိုက်သိမ်းယူပြီးသည့်နောက်တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အခင်းဖြစ်ပွားသောနေရာနှင့်အနီးတဝှိက် နှင့် ကေအဲန်ယူ - မူတြော်ခရိုင်ရှိ ယယ်မူပလောကျေးရွာကို လေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်းမှုများပြုလုပ်ကြပါသည်။တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်ကျဆုံးမှုများကို ဆက်လက်ဖော်ပြပေးပါမည်။ ...